Pages

Wednesday, September 24, 2014

ကစားစရာ အရုပ်ကို အသက်သွင်းပြခြင်း

လောကဟာ ထူးခြား ဆန်းပြားတဲ့ အတတ်ပညာတွေနဲ့ ပြည့်စုံတယ်လို့ ဆိုကြပါတယ်။ ဒါဟာ တကယ်ပဲ လား။ သက်မဲ့ ပစ္စည်း တခုကို အသက်သွင်းပြနိုင်တာ မြင်ရရင် ဒါဟာ မျက်လှည့်လို့ ပြောကြမလား၊ မှင်တက်ပြီး အံ့သြနေမလား။ 


ဒီမှာတော့ ကစားစရာ အရုပ်ကလေးကို အသက်သွင်းပြပြီး အရုပ်လေးက သက်ရှိလို လမ်းလျှောက်ပြတာ နဲ့ သေနတ်နဲ့ ပစ်သလို အသံ ပေးလိုက်ရင် လှဲချပြတတ်တာ ဘေးက ရပ်ကြည့်ရသူတွေ အံ့သြနေကြပါ တယ်။ 

ကလေးတွေနဲ့ အမျိုးသမီးတွေ ချစ်ခင်မြတ်နိုးကြတဲ့ အစာသွပ် အရုပ်လေးကို သက်ရှိ အလား လှုပ်ရှားမှု ဖြစ်
စေပြီး သရုပ်ဆောင်ကောင်းတဦးလို ဖန်ဆင်းပြနိုင်တဲ့ အမျိုးသားရဲ့လက်ရာကို ယူကျူမှာ တွေ့ရပါတယ်။ 

အခု ဗီဒီယို ပြကွက်အပေါ် ဝေဖန်သူတွေက ကင်မရာ လှည့်စားကွက်အဖြစ် ဝေဖန်မှတ်ချက်ပေးသူမျိုး လည်း ရှိပါတယ်။ 

ဒါဟာ သိပ်ကောင်းတဲ့ မျက်လှည့်ပြကွက်မဟုတ်ပဲ ကင်မရာ ဖြတ်တောက်မှု ပညာရပ်တခုသာလို့ ဆိုတယ်။ 

တချို့ကလည်း ခွေးငယ်လေးတကောင်ကို အရုပ်လို အဝတ်စွပ်ပေးပြီး လှုပ်ရှားပြခိုင်းတာကို အရုပ်နဲ့ ဆင်တူ ရိုးမှား ဖြစ် အောင် ကင်မရာ ရိုက်ချက်တွေနဲ့ ဖြတ်တောက်မှု တော်တော်များများ လုပ်
ဆောင် ပြင်ဆင်မွမ်းမံထားတယ်လို့ ဆိုပါတယ်။ 

ဘာပဲ ပြောပြော အခု အောက်မှာ ဖော်ပြထားတဲ့ယူကျူ ဗီဒီယိုလေးကို ကြည့်ပြီး ဧရာဝတီပရိသတ်တွေ လည်း ယဉ်ကျေးစွာ မှတ်ချက်ပေးနိုင်ပါတယ်။

  

အိမ့်သံစဉ် ~ 


 









No comments:

Post a Comment