Pages

Friday, September 19, 2014

စကော့တလန် ခွဲရေး၊ တွဲရေးမှာ တွဲရေးဆန္ဒမဲ အသာစီးရနေ

စကော့တလန်နိုင်ငံကို ဗြိတိန်နိုင်ငံကနေ ခွဲထွက်မလား၊ တွဲနေမလားဆိုတဲ့ လူထုဆန္ဒခံယူပွဲ မဲပေးမှုတွေ ပြီးဆုံးလို့ မဲရေတွက်နေတာမှာ အခုနောက်ဆုံး ရလာဒ်တွေအရ တွဲရေးမဲတွေက အသာစီးရပြီး ဦးဆောင် 
နေပါတယ်။ 


 ဓာတ်ပုံ- ဘီဘီစီ

မဲဆန္ဒနယ် ၃၂ နယ်မှာ ၂၃ နယ်က မဲစာရင်းတွေကို ရေတွက်ပြီးချိန်မှာတော့ တွဲရေးဖြစ်တဲ့ NO ဆိုတဲ့ ဆန္ဒမဲ အရေအတွက် က ၁,၂၅၆,၃၇၂ မဲ ရနေကာ ခွဲရေး ဖြစ်တဲ့ YES ဆိုတဲ့ ဆန္ဒမဲအရေအတွက်က ၁,၀၅၅,၇၁၆ ရှိ တာကို ဘီဘီစီက ထုတ်လွှင့်ပေးနေတဲ့ စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

စကော့တလန်နိုင်ငံအနေနဲ့ ဗြိတိန်ကနေ ခွဲထွက်မယ်ဆိုရင် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွမ်းက သူ့ကိုယ်သူ သတ်သေပစ်မယ်လို့တောင် ခံစားချက်ပြင်းပြင်းနဲ့ ထုတ်ပြောခဲ့ပါသေးတယ်။ 

အခုလို ၂၁ ရာစုခေတ်ကာလမှာ ခွဲရေး၊ တွဲရေး ကိစ္စ ဖြစ်ပေါ်လာတဲ့ စကော့တလန် ကိစ္စအပေါ် အယူအဆ အမျိုးမျိုးနဲ့ ဝေဖန်မှုတွေကတော့ ကမ္ဘာတ၀န်းမီဒီယာတွေမှာ အခုရက်ပိုင်း အတော်ပဲ ခေတ်စားပါတယ်။ 

အိမ့်သံစဉ် ~ 



.









No comments:

Post a Comment