Pages

Wednesday, September 24, 2014

ဟောင်ကောင်ကျောင်းသားများ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြ

တက္ကသိုလ် ၂ဝ ကျော်က ထောင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ ဟောင်ကောင်မှာ ရှိတဲ့ တရုတ်တက္ကသိုလ် ရင်ပြင်နဲ့ မြို့လယ်က ပန်းခြံတခုမှာ စုဝေးပြီး သပိတ် မှောက် ဆန္ဒပြ နေကြပါတယ်။ 

ဓာတ်ပုံ- getty image

ဆန္ဒပြ ကျောင်းသားတွေ အဓိက တောင်းဆိုနေတာ က ဟောင်ကောင်မှာ ဒီမိုကရေစီရရှိရေး အတွက် 
ဖြစ်ပြီး ပီကင်းရဲ့ အုပ်ချုပ်မှုကို ကန့်ကွက်နေပါတယ်။ 

မကြာသေးခင်က ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ဟောင်ကောင်သူ၊ ဟောင်ကောင်သားတွေ ကိုယ်တိုင် 
ရွေးချယ်မှု ကိစ္စ အပေါ် တရုတ် ကွန်မြူနစ်ပါတီ အစိုးရက ပယ်ချခဲ့ပါတယ်။ 

ဟောင်ကောင်ကျွန်း ရဲ့ နောက်ထပ် ခေါင်းဆောင်ကို တရုတ်အစိုးရက ဘယ်လို ရွှေးချယ်သင့်တယ်ဆိုတဲ့ ဖိအားပေး ဆုံးဖြတ်ချက်ကို ကျောင်းသားတွေက လုံးမ မလိုလားပါဘူး။ 

ဟောင်ကောင် အုပ်ချုပ်ရေးမှူးရုံးနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ တမာ ပန်းခြံမှာ တပတ်ကျော်ကြာ ကျောင်း မတက်ပဲ တရုတ် အစိုးရကို ကန့်ကွက် နေတဲ့ ကျောင်းသား တက်ကြွလှုပ်ရှားသူတွေက လူစုလူဝေးကြီးကို မိန့်ခွန်းတွေလည်း ဟောနေပါတယ်။ 

ဟောင်ကောင်မှာ ဒီမိုကရေစီလှိုင်းတံပိုးကြီး တဖန်ပြန်လည်နိုးထလာခြင်းပါလို့လည်း ပါမောက္ခတဦးက ရိုက်တာ သတင်း ဌာနကို ပြောထားပါတယ်။ 

 ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကျွန်းကို ဗြိတိန်ထံက ပြန်လည် လွှဲပြောင်းရယူခဲ့ပြီးချိန်မှာ ဟောင်ကောင် ဟာ တရုတ် ပြည်မ ကြီးရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိပ်အပိုင်းတခုအဖြစ် ဗြိတိသျှ အုပ်ချုပ်ရေး အမွေ
တော်တော်များများကို သီးခြား ဆက်ခံခွင့်ရခဲ့ပါတယ်။ 

ဒါကြောင့် ပဲ နိုင်ငံ တနိုင်ငံ စနစ် ၂ မျိုးနဲ့ အုပ်ချုပ်ခြင်းလို့ ကင်ပွန်းတပ်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်း မှာ ဟောင်ကောင်ရဲ့ အစိုးရအဖွဲ့နဲ့အုပ်ချုပ်ရေးမှူး ရွေးချယ်မှုတွေအပေါ် ပီကင်းအစိုးရက တစတစနဲ့ ကန့်သတ်မှုတွေ ရှိလာတာကို ဟောင်ကောင်ကျောင်းသားတွေက မလိုလားပါဘူး။ 

ဒီအတွက် အခုချက်ချင်း ဒီမိုကရေစီ လို ချင်တယ်လို့ ကြွေးကြော်ဆန္ဒပြနေကြတာပါဘဲ။ 














အိမ့်သံစဉ် ~ 














No comments:

Post a Comment