Pages

Sunday, September 21, 2014

ရွှေမြန်မာလေကြောင်းက ချင်းမိုင်- ရန်ကုန် တိုက်ရိုက်ပြေးဆွဲတော့မယ်

ရွှေမြန်မာ လေကြောင်းလိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ မြန်မာနိုင်ငံ ရန်ကုန်တို့ကို တိုက်ရိုက်ပျံသန်း ပြေးဆွဲမှု   ရှေ့တပတ် ကြာသပတေးနေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ 


 ရွှေမြန်မာလေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးခင်မောင်အေး အဖွင့်အမှာစကားပြောနေစဉ်၊ ဓာတ်ပုံ- အိမ့်သံစဉ်/ဧရာဝတီ

ရွှေမြန်မာလေကြောင်းလိုင်းရဲ့ ချင်းမိုင်-ရန်ကုန် တိုက်ရိုက်ပျံသန်းမှု ဖွင့်ပွဲအခမ်းအနားကို ထိုင်း နိုင်ငံ ချင်းမိုင်မြို့ အင်ပီရီ ရယ်၊ မဲ့ပင် ဟိုတယ်မှာ ယမန်နေ့ စက်တင်ဘာ ၂၀  ညနေပိုင်းက ကျင်းပတဲ့အခါ လေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးခင်မောင်အေး တက်ရောက် မိန့်ခွန်းပြော ရင်း ကြေညာ သွားခဲ့တာပါ။ 

မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ တိုးမြှင့်လာမယ်လို့ ယုံကြည်မှုနဲ့ အခုလို တန်ဘိုးနည်းနည်း နဲ့ ပြေးဆွဲ ခဲ့တာလို့ သူက ပြောပါတယ်။ 

ချင်းမိုင်- ရန်ကုန်/ ရန်ကုန်- ချင်းမိုင် ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ နေ့တိုင်း ပျံသန်းပြေးဆွဲမှာဖြစ်ပြီး အခု ပရိုမိုးရှင်းကာလမှာ ခရီးစဉ်အတွက် တကြောင်းကို ၅၉ ဒေါ်လာနဲ့ ရောင်းချ ပေးသွားမှာ
ဖြစ်တယ် လို့ ပြောပါတယ်။ ဒီအပြင် ၂ဝ ကီလို ခရီးဆောင်အိတ်အတွက်လည်းအခမဲ့ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ထိုင်း နိုင်ငံ ချင်းမိုင်မြို့တော်ဝန်နဲ့တကွ ထိုင်းခရီးသွားလုပ်ငန်းရှင်တွေ၊ ဧည့်သည်တွေနဲ့ မြန်မာနိုင်ငံ က ဧည့်သည်တွေလည်း တက်ရောက်ကြပါတယ်။ 

အခမ်းအနားမှာ ထိုင်း ရိုးရာအကတွေနဲ့လည်း ဖျော်ဖြေခဲ့သလို ရွှေမြန်မာလေကြောင်းလိုင်း က လေယာဉ်မယ်လေးတွေကလည်း မြန်မာသင်္ကြန်သီချင်းနဲ့ ကပြ ဖျော်ဖြေသွားပါတယ်။ 

ဒီအပြင် ချင်းမိုင်- ရန်ကုန် အသွားအပြန်နဲ့ ပြည်တွင်းလေကြောင်းခရီးစဉ် လေယာဉ် လက်မှတ်အခမဲ့ စီနင်းခွင့်၊ ဟိုတယ် တည်းခိုခွင့်တွေပါတဲ့ ကံစမ်းမဲ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ 





 GMA ဥက္ကဋ္ဌနဲ့ ချင်းမိုင်မြို့တော်ဝန်တို့ အပြန်အလှန် လက်ဆောင်ပေးစဉ်


 GMA ဥက္ကဋ္ဌနဲ့ ချင်းမိုင်မြို့တော်ဝန်တို့ အတူ စက်ခလုပ်နှိပ်ကာ လေကြောင်းလိုင်းဖွင့်လှစ်ပေးစဉ် 






အိမ့်သံစဉ် ~ 












No comments:

Post a Comment