Pages

Wednesday, September 24, 2014

ဦးသိန်းစိန် သမ္မတ တာဝန် ၅ နှစ် ထပ်ယူပါ


 ~




ဒီနေ့ ဗုဒ္ဓဟူးနေ့ မန္တလေးမြို့ ၆၂ လမ်း ပြည်သူ့ ဟစ်တိုင်ကွင်းမှာ တွေ့ခဲ့ရတဲ့ ဆန္ဒပြပွဲကတော့ အင်မတန် ထူးခြားတယ်လို့ ဆိုရပါမယ်။
သမ္မတဦးသိန်းစိန်ကိုထောက်ခံတဲ့  ဆန္ဒပြပွဲ ဖြစ်နေလို့ပါပဲ။

သူတို့ ဟာဘယ်အဖွဲ့ အစည်းဘယ်နိုင်ငံရေးပါတီကမှ မဟုတ်ဘဲ သာမန်ပြည်သူတွေဖြစ်တယ်၊ သမ္မတဦးသိန်းစိန်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ
အောင်မြင်နေတာကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တာဖြစ်

တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးစိန်မင်းက ပြောပါတယ်။

လူအင်အား ၁၀၀ ခန့် နဲ့ဆန္ဒပြခဲ့ ကြတာပါ။

ကြွေးကြော်သံတွေကို နားထောင်ရင်တော့ ဦးသိန်းစိန်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး သမ္မတကြီး လို့ သဘောပေါက်မိကြပါလိမ့်မယ်။

 ဦးသိန်းစိန် သမ္မတ တာဝန်  ၅ နှစ် ထပ်ယူပါ ဆိုတဲ့သဘော ကြွေးကြော်တာလည်း ကြားရပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြုထောက်ခံအားပေးနေတာ ...  သမ္မတဦးသိန်းစိန်၊
နိုင်ငံရေးအကျဉ်းသားများကို  အကြိမ်ကြိမ်လွှတ်ပေးနေတာ ...  သမ္မတဦးသိန်းစိန်၊

တောင်သူလယ်သမားများ မြေယာပြသနာများ ဖြေရှင်းပေးနေတာ ...  သမ္မတကြီးဦးသိန်းစိန်၊
ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်ပေးနေတာ  သမ္မတကြီး ဦးသိန်းစိန်၊

သမ္မတကြီးဦးသိန်းစိန်နိုင်ငံတော်ကို ဆက်လက်ဦးဆောင်ပေးရေး ... ဒို့ အရေး

စတဲ့ ကြွေးကြော်သံများ ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူများထဲမှ အမျိုးသမီးတချို့ကလည်း မိမိတို့ ထောက်ခံမယ့်သူရဲ့နာမည် ဘယ်သူလဲ ဆိုတာကို အချင်းချင်း မေးနေကြတာလည်းတွေ့ ခဲ့ရပါတယ်။

ဦးသိန်းစိန်ကို အမှန်တကယ် ထောက်ခံကြတာလို့ ယူဆသူ ရှိသလို တချို့ကလည်း ဒါဟာ   အရွဲ့တိုက်နေကြတာ ဖြစ်နိုင်တယ်လို့ ဆိုသူလည်း ရှိပါတယ်။ 

(ဓာတ်ပုံ-တေဇလှိုင်/ဧရာဝတီ)




ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်ဆိုတဲ့ စံ-ဇာဏီဘိုရဲ့ဟောကိန်း
http://blog.irrawaddy.org/2014/01/blog-post_2.html    
 




.

3 comments:

  1. စည်သူအောင်မြင်.တို.ကတော.လုပ်ချလိုက်ပြန်ပြီ ၊ ဘာဘဲဖြစ်ဖြစ် ဗိုလ်တိုက်ဂါး ကခင်ဗျားထက်သာတယ် ၊ ကိုယ်.လူမျိုးတွေအနိင်ကျင်ခံနေရတာကိုတတ်နိင်သလောက် ကူညီဖို.ကြိုးစားတာ ဟာ လိုအပ်ရင် ရဲရင်. တဲ. ကရင်တိုင်ရင်းသားတွေရဲ. စိတ်ဓါတ်ကို ပြလိုက်တာဘဲ ။ ခင်ဗျားလို သူများမကောင်းကြောင်းတွေလိုက်ရေးပြီး ရတဲ.စာမူခတွေကတွေ က သူတို. ကားတွေရောင်းပြီရတဲ.ငွေတက်ပိုပြီး ညစ်ပတ်တဲ. ငွေဆိုတာမမေ.ပါနဲ. ။ ခင်ဗျာကိုယ်တိုင်ဘာတွေ တိုင်းပြည်နဲ.လူမျိုးအတွက်လုပ်ခဲ.လိုလည်း ၊ ခင်ဗျားကမှ ခါတော်မှီ ဆောင်းပါးရှင် ၊ ကိုယ်.သမိုင်းကိုကြတော. ဇာတ်နာအောင် ဖါဖါထေးထေး ရေးထာလိုက်တာ ၊ ခင်ဗျားဟာ ဈေးသည်ဆန်ဆန် ဆောင်ပါးရှင်အဆင်.ဘဲရှိတယ်ဆိုတာ သိဖို.ကောင်းတယ် ၊

    ReplyDelete
  2. တစ်နေ့ ၃၀၀၀ နဲ့ ကြံ့ဖွတ်က စည်းရုံးထားသူများမှ အပ၊ မရူးကြသူများ ဘယ်တော့မှ မလုပ်

    ReplyDelete
  3. သမ္မတဦးသိန်းစိန်ကိုထောက်ခံ ဆန္ဒပြတဲ့သူတွေရဲ့မျက်နှာတွေက....တခုခုကိုစိုးရိမ်ကြောင့်ကျနေတဲ့ပုံဘဲ...... ကြွေးကြော်သံ ဆိုင်းဘုတ်များ မှာရေးထားတဲ့စာသားနဲ့သမ္မတဦးသိန်းစိန်ဆောင်ရွက်ချက်တွေကဆန့်ကျင်ဖက်ဖြစ်နေတယ်။

    ReplyDelete