Pages

Wednesday, September 24, 2014

လီယိုနာဒိုရဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ ဘာပြောထားလဲ

ကမ္ဘာကျော် ဟောလီဝုဒ် ရုပ်ရှင်သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယိုဟာ ကုလသမဂ္ဂအနေနဲ့ ရာသီ ဥတု ပြောင်းလဲမှု ကိစ္စအပေါ် အရေးတယူ လုပ်ဆောင်ဖို့ သူ့ရဲ့ ကုလသမဂ္ဂမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း တောင်းဆိုသွားပါတယ်။ 





အသစ်စက်စက် ခန့်အပ်ခံထားရတဲ့ ငြိမ်းချမ်းရေး သံတမန်ဖြစ်သူ လီယိုနာဒိုဟာ .... ကျွန်ုပ်တို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးမှာ အကြီးမားဆုံး စိန်ခေါ်မှုကြီးကတော့ ရာသီဥတုပြောင်းလဲမှုပဲ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ 

လီယိုနာဒိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း နယူးယောက်မြို့မှာ လူ ၄ သိန်းကျော် ပါဝင်တဲ့ ရာသီ ဥတု ပြောင်းလဲမှုဆိုင်ရာ အသိပေးမှု လှုပ်ရှားမှုနဲ့လည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ 

လီယိုနာဒိုကို မြန်မာရုပ်ရှင်ပရိသတ်တွေက တိုက်တန်းနစ် ရုပ်ရှင်ကားနဲ့ လူသိများကြပြီး အထူးသဖြင့် အမျိုးသမီးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်တဦးလည်းဖြစ်ပါတယ်။ 

လီယိုနာဒိုရဲ့ မိန့်ခွန်း အပြည့်အစုံကို ယူကျူဗီဒီယိုဖိုင်ကလည်း ကြည့်ရှုနိုင်ပါတယ်။

   


အိမ့်သံစဉ် ~




.







No comments:

Post a Comment