Pages

Monday, September 29, 2014

ကလင်တန်မောင်နှံ မြေးဦးရပြီ

အမေရိကန် သမ္မတဟောင်း ဘီကလင်တန်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန် တို့ဟာ အခုဆို  မြေး ဦးလေး ရခဲ့ပါပြီ။ 


 ဓာတ်ပုံ- ဘီကလင်တန်ရဲ့ တွစ်တာ အကောင့်

ကလင်တန် ဇနီိးမောင်နှံရဲ့ တဦးတည်းသော သမီးဖြစ်သူ ချဲလ်ဆီး ကလင်တန် ဟာ စက်တင်ဘာလ ၂၆ ရက်နေ့ည ၇ နာရီကျော်က သမီးဦးရတနာလေး မွေးဖွားပေးခဲ့ပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ချဲလ်ဆီး ကလင်တန်နဲ့ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့သူ့ခင်ပွန်း Marc Mezvinsky တို့ဟာ အခုလို သမီးဦးလေး မွေးဖွားခဲ့တဲ့အတွက် ချဲလ်ဆီးနဲ့ သူတို့ရဲ့ တွစ်တာ အကောင့်ကနေ ဓာတ်ပုံနဲ့ တကွ ကြေညာခဲ့ ကြတာပါ။ 



သမ္မတဟောင်း ဘီကလင်တန်ကလည်း မြေးဦးကို ချီထားတဲ့ ဇနီးသည် ဟီလာရီကလင်တန်နဲ့ သူ့ဓာတ်ပုံကိုလည်း အလားတူ သူ့တွစ်တာ အကောင့်ကနေ ကြေညာခဲ့ကြပါတယ်။ 


သမီးဖြစ်သူ ချဲလ်ဆီးနဲ့ ကလေးလည်း နေကောင်းကျန်းမာကြောင်းနဲ့ အခုလို မြေးဦးလေးအတွက်လည်း ၀မ်းသာမဆုံး ဖြစ်နေရတယ်လို့ ကလင်တန်မောင်နှံက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 


အိမ့်သံစဉ် ~ 

 






No comments:

Post a Comment