Pages

Sunday, September 21, 2014

ငှက်ပျောသီးကိုင်ထားသူ စတိုးဆိုင်မှာဓားပြတိုက်ပြီး စက်ဘီးနဲ့ထွက်ပြေး

 ~




 


 အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားမြို့က စတိုးဆိုင်ထဲမှာ ငှက်ပျောသီးကိုင်ထားသူတယောက်က အရောင်းစာရေးမကို ဓားပြတိုက်ပြီး စက်ဘီးနဲ့ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

အင်္ဂါမနက်က ဖြစ်ခဲ့တာပါ။

လုံခြုံရေးကင်မရာမှာ မှတ်တမ်းတင်ထားတာကတော့ အဲဒီလူက ကောင်တာနားက ငှက်ပျော်သီးတွေထဲက တလုံးကို ကောက်ယူတယ်၊ အင်္ကျီအိတ်ထဲ ထည့်တယ်၊ ကောင်တာရှေ့သွားရပ်ပြီး
ငွေရှင်းမလိုလိုနဲ့ သေနတ်နဲ့ ... အဲ ... ငှက်ပျောသီးနဲ့ ချိန်တယ်။
နောက်ဆုံးမှာတော့ ပိုက်ဆံ၊ စီးကရက်တွေ ရသွားပါတယ်။ ပါသွားတဲ့ပစ္စည်းစာရင်းထဲ ငှက်ပျောသီးတလုံးလည်း ထည့်ရပါလိမ့်မယ်။

ဒီရုပ်သံကို ဖီလာဒဲဖီးယားရဲတပ်ဖွဲ့က နောက်တနေ့မှာ အများသိအောင် အွန်လိုင်းထဲ ထည့်လိုက်ပါတယ်။

ရဲတပ်ဖွဲ့က ဒီလူ့ကို လိုက်ရှာနေပါပြီ။
အဲဒီလူက ငွေတောင်းတယ်၊ စီးကရက်ဘူး တောင်းတယ် တဲ့။ ငွေဘယ်လောက်ပါသွားတယ် ဆိုတာကိုတော့ ရဲတပ်ဖွဲ့က မပြောပါဘူး။

Tejada Grocery လို့ အမည်ရတဲ့ အဲဒီ ကုန်စုံဆိုင်က   East Parkside မှာ ရှိပါတယ်။ Poplar လမ်းထဲမှာပါ။

ဒီလူက ငှက်ပျောသီးပြပြီး ဒီလိုအမှုတွေ ထပ်ကျူးလွန်လေမလား ဆိုပြီး စိုးရိမ်မိကြောင်း အဲဒီမြို့ ရဲတပ်ဖွဲ့က အရာရှိ John Walker က ပြောဆိုတယ်လို့ သတင်းတွေမှာ ရေးပါတယ်။

အဲဒီလူ စက်ဘီးနဲ့ ရောက်လာပုံ၊ ဟိုကြည့်ဒီကြည့် ကြည့်ပြီး ငှက်ပျောသီး ကောက်ကိုင်ပုံ၊ ငွေရှင်းမလိုလိုနဲ့ ငွေတောင်းပုံ၊ စက်ဘီးပြန်ကောက်စီးသွားပုံတို့ကို  ဖီလာဒဲဖီးယားရဲတပ်ဖွဲ့ရဲ့ ယူကျု စာမျက်နှာ   http://www.youtube.com/watch?v=fl5JNotRiEs မှာ တွေ့ရပါလိမ့်မယ်။

ဓားပြ ဆိုတာမျိုးက ဓားပြပြီး ခြိမ်းခြောက် လုယက်သူပါ။ ခေတ်ပြောင်းလာတော့ သေနတ်ပြ ခြိမ်းခြောက်ပါတယ်။

ဒီဓားပြက ဓားလည်းမရှိ သေနတ်လည်း မရှိလို့ လွယ်လွယ်တွေ့ရတဲ့ ငှက်ပျောသီးကောက်ကိုင်လိုက်ပုံပါပဲ။
သူ့မှာ ဓားပြတိုက်ဖို့ ရည်ရွယ်ချက်လည်း ရှိချင်မှ ရှိမယ် - ငှက်ပျောသီးတွေ့လို့ စိတ်ကူးရသွားတာလည်း ဖြစ်နိုင်ပါတယ်။

ဓားပြတိုက်တယ် ဆိုတဲ့ တခြားဖြစ်ရပ်တွေမှာတော့ လက်နက်မှုပါ ထည့်လို့ရပါလိမ့်မယ်။
 ငှက်ပျောသီးအားကိုးတဲ့ သူ့ကို ဖမ်းမိရင်တော့ ဓားပြမှုနဲ့ပဲ တရားစွဲမယ် ထင်ပါတယ်။

စက်ဘီးနဲ့ ရောက်လာပုံ



ငှက်ပျောသီး ကောက်ကိုင်ပုံ


 

 



.

No comments:

Post a Comment