Pages

Wednesday, September 17, 2014

စင်္ကာပူရဲ့ အသည်းအစားထိုးဝန်ဆောင်မှု မြန်မာပြည်လာမယ်


 ~



စင်္ကာပူဆရာဝန်တွေက  အသည်းအစားထိုးကုသတဲ့ဆေးခန်း  မြန်မာပြည်မှာ ဖွင့်ဖို့ စီစဉ်နေတယ်လို့ The Straits Times သတင်းစာ အွန်လိုင်းစာမျက်နှာမှာ စက်တင်ဘာ ၁၇ ရက် နေ့စွဲနဲ့ သတင်းတပုဒ် တွေ့ပါတယ်။

စင်္ကာပူမှာ ကုန်ကျစရိတ်များပြားတယ်၊ အသည်းအလှူရှင်အများအပြားက ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ငြင်းပယ်လာတာတွေ ရှိတယ် ဆိုတဲ့ အချက်တွေကြောင့် ဒီလို စီစဉ်တာလို့ ဆိုပါတယ်။

မြန်မာပြည်က ဆေးရုံတခုမှာ Asian American Medical Group ဆိုတဲ့ အဖွဲ့က ကုသမှုဌာန လာဖွင့်ပါမယ်။
သတင်းမှာ ဖော်ပြထားချက်အရ ဆိုရင် အဲဒါက ပင်လုံဆေးရုံမှာ ဖြစ်ဖွယ် ရှိပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာဖွင့်မယ်၊ စင်္ကာပူဆရာဝန်တွေက လာရောက် ကုသမှုပေးပါမယ် တဲ့။

အိန္ဒိယနိုင်ငံဘက်က ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေကလည်း ဒီလိုမျိုး အသည်းအစားထိုး ကုသမှုနဲ့ ပတ်သက်ပြီး
 မြန်မာပြည်ကို လာရောက် ဆွေးနွေးထားကြတာ ရှိပါတယ်။

မြန်မာပြည်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုဈေးကွက် ကြီးထွားလာတော့မယ့်သဘော ဖြစ်ပါတယ်။


 

 



.

No comments:

Post a Comment