သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန် သတင်းဌာနနဲ့ အင်တာဗျူးမှာ ဦးသိန်းစိန်အနေနဲ့ သမ္မတ ဒုတိယ သက်တမ်း အတွက် ဆက်လက်ထမ်းဆောင်ဖို့ရှိလား လို့ မေးခွန်းကို ဖြေလိုက်ပုံက စိတ်ဝင်စားစရာနဲ့ အငြင်းအခုန်တွေဖြစ်နေပါပြီ။
ဦးသိန်းစိန်နဲ့ အင်တာဗျူးတဲ့ ဆွစ်ဇာလန် NZZ ရဲ့ သတင်းမှာ ဦးသိန်းစိန်ပြောတာကို အခုလို ရေးထားပါ တယ်။
“To be honest, I’d like to retire. But you have to think about what’s best for the country and the people.”
သမ္မတ ဦးသိန်းစိန်က သူ့အနေနဲ့ရိုးရိုးသားသားပြောရရင် အနားယူချင်တာပါတဲ့။
ဒါပေမယ့် နိုင်ငံနဲ့ပြည်သူအတွက် အကောင်းဆုံးက သူသာ သမ္မတ ဆက်ဖြစ်သင့်တယ်ဆိုရင် ဆက်လုပ် မယ့် သဘော ပြောဆိုထားတာပါ။ ဒီစကားမျိုး ဦးသိန်းစိန်ပြောတာ ဒါက ဒုတိယအကြိမ်ဖြစ်ပါတယ်။ အရင်ကလည်း အလားတူ အရိပ်အမြွက်ပြောခဲ့ဖူးပါတယ်။
ဒါဆို လာမယ့် ၂၀၁၅ ခုနှစ်အလွန် သမ္မတ ဖြစ်လိုတယ်လို့ အထင်အရှားပြောထား သူ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နဲ့အတူ သမ္မတ ဦးသိန်းစိန်က ဆက်လက် ပါဝင်နေမယ့် သဘောပါ။
တခါက သူရ ဦးရွှေမန်းက ပြောတာမှာတော့ ဦးသိန်းစိန်က လာမယ့် သမ္မတ သက်တမ်း ထမ်းဆောင်တော့ မှာ မဟုတ် ဘူး လို့ သူ့ကို ကတိပေးထားတယ်ဆိုတယ်။
အခုလို ဦးသိန်းစိန်က သမ္မတ သက်တမ်း ဆက်ထမ်းမယ့် အရိပ်လက္ခဏာပြတော့ သူရ ဦးရွှေမန်းလည်း ဘာပြောမယ် မသိ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရရေး ပုဒ်မ ၅၉ စ လုံးကလည်း အခုထိ ပြင်ဆင်ဖို့ အရိပ်အယောင် မရှိသေး။
လက်ရှိ မြန်မာ့အပြောင်းအလဲကို သမ္မတ ဦးသိန်းစိန်နဲ့ Team က ဦး ဆောင်လုပ်နေတာဆိုတော့ ဒီအရှိန် မပျက်စီးရေး သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် ဆက် တာဝန်ယူမယ် ဆိုရင် နိုင်ငံတကာ ထောက်ခံမှုကလည်း ဆက်ရနိုင်မယ်လို့ စစ်ခေါင်း ဆောင်တွေက မျှော်လင့်နေပုံရတယ်လို့ ဝေဖန်သုံးသပ်သူတချို့က
ပြောနေကြတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ နောက်ထပ်သမ္မတ သက်တမ်း ကိစ္စ ဧရာဝတီ စာဖတ်ပရိသတ်တွေကရော ဘယ်လို အမြင်တွေ ရှိကြသလဲ ဆိုတာ လွတ်လပ်ယဉ်ကျေးစွာ ဆွေးနွေးနိုင်ပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ခင်ဗျ ဆက်ပြီးလုပ်ချင်ရင် လုပ်ချင်တယ်လို့ပြောလေဗျာ ဘာတွေလျောက်ပြီးဝေ့၀ိုက်နေတာလဲဗျ ခေါင်းဆောင်ဆိုတာက စကားကို၇ဲ၇င့်ပြတ်သားစွာပြော၇တယ်ဗျ ခုေးတာ့ဟိုလိုလို့ ဒီလိုလို နဲ့ နောက်ပြီးတော့ ကိုယ်တာထမ်းဆောင်ခဲ့တဲ့ သက်တမ်းကာလမှာ ငါဘာတွေလုပ်နိုင်ခဲ့လဲ နိုင်ငံကဘယ်လောက်တိုးတက်ပြောင်းလဲခဲ့ပြီလဲဆိုတာပြန်သုံးသပ်ကြည့်ပါ ငါဟာသမ္မတ ဆက်ဖြစ်ဖို့တကယ်အ၇ည်အချင်း၇ှိလားဆိုတာသေချာစဉ်းစားကြည့်ပါ တကယ်အ၇ည်အချင်း၇ှိ၇င် ဆက်လုပ်ပေါ့ဗျာ မ၇ှိဘူးထင်၇င်တော့ တကယ်အ၇ည်အချင်း၇ှိတဲ့သူကိုပေးလိုက်ပေါ့ဗျာ အဲဒါပေမဲ့သိသိကြီးနဲ့တော့ဆက်မမိုက်ပါနဲ့တော့ဗျာ
ReplyDeleteNo matter how he wants to serve as a president for the 2nd term, it depends on the desicion maker Than Shwe.
ReplyDeleteနောင်ကြီး ခင်ဗျားအဆင့်နဲ့မတက်လာသင့်ဘူး
ReplyDeleteဒါငါးရောင်းရမယ့်နေရာမဟုတ်ဘူး
တော်ပါတော့ကွာ
ReplyDeleteတော်ပါတော့ကွာ
တော်ပါတော့ကွာာာာာာာာာာာာ