Pages

Wednesday, September 17, 2014

MH 370 ကိစ္စ လေယာဉ်မှူးကြီးကို လေကြောင်းပညာရှင်တဦး အပြစ်တင်

ပဟေဠိ ဆန်စွာ ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေကြောင်းလိုင်း MH 370 နဲ့ပတ်သက်တဲ့ အခု နောက်ဆုံး ဖြစ်ပေါ်နေတဲ့ သတင်းတခုပါ။ 



မလေးရှားလေကြောင်းလိုင်း လေယာဉ်တစီး၊ ဓာတ်ပုံ- Sri Lanka Guardian

MH 370 လေယာဉ်ပျောက်ဆုံးပြီး လူများစွာ သေဆုံးမှုဟာ လေယာဉ်မှူးကြီးက အောက်စီဂျင်ပေးတဲ့ ခလုပ်ကို ပိတ်ခဲ့ပြီး သူ့ကိုယ်သူ သေအောင် လုပ်ဆောင်ခဲ့တာဖြစ်နိုင်တယ်လို့ လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် တဦးက ပြောဆိုလိုက်ပါတယ်။ 

Kiwi Airlines အကြီးအကဲ Ewan Wilson က MH 370 လေယာဉ်မှူးကြီး Zaharie Ahmad Shah ဟာ တွဲဖက် လေယာဉ်မှူးကိုလည်း လေယာဉ်မောင်းခန်းက ထွက်မရအောင် ရည်ရွယ်ချက်ရှိရှိ သော့ ပိတ်ခဲ့ သလို လေယာဉ် တစီးလုံးကို အောက်စီဂျင်ပေးတဲ့ ခလုပ်ကိုလည်း ပိတ်ပစ်ခဲ့တယ်လို့ ပြစ်တင်ပြောကြား လိုက်ပါတယ်။ 

ဒီအပြင် လေယာဉ်ကို ပြန်လှည့်ပျံသန်းမှု မလုပ်ခင် ဆက်သွယ်ရေး ကိရိယာအားလုံးရဲ့ ခလုပ်တွေကိုလည်းပိတ် ပစ်ခဲ့ကာ ရေမှာ ဆင်းသက်ခဲ့ပုံရတယ်လို့ သူက ဆက်ပြောထားပြီး လေယာဉ်မှူးကြီးက အဲဒီလိုတွေလုပ်ခဲ့လို့သာ ဘာသဲလွန်စ အပျက်အစီးကိုမှ မတွေ့ရသေးပဲ ရှိတာလို့ hollywoodlife သတင်းတပုဒ်မှာ ဆိုပါတယ်။ 

မလေးရှားလေ ကြောင်းလိုင်းက MH 370 လေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူ 
လေဆိပ် က နေ တရုတ်နိုင်ငံ ပီကင်းလေဆိပ်ကို ပျံသန်းရင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး ယနေ့ထိလည်း ဘာသဲလွန်စ မှ မတွေ့ရပဲ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ 

 လေယာဉ်ပေါ်ပါသွားကြသူ ခရီးသည် ၂၂၇ နဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး စုစုပေါင်း ၂၃၉ ဦးလုံးကိုလည်း သေဆုံးပြီလို့ယုံကြည် ထားကြပါတယ်။ 

အစောပိုင်းက အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများက ပျောက်ဆုံး လေယာဉ် ရှာဖွေရေးကို အားကြိုး မာန်တက်လုပ်ခဲ့ကြပေမယ့် အခုတော့ မှေးမှိန်နေပါပြီ။ 

Kiwi Airlines အကြီးအကဲ Ewan Wilson ရဲ့ သုံးသပ်ချက်လို အလားတူ ယူဆချက်တွေနဲ့ မတူကွဲပြားတဲ့ ယူ ဆ သုံးသပ်ချက်အမျိုးမျိုးကိုလည်း သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ 

ဒါပေမယ့် အခုထိတော့ အဖြစ်မှန်ကို မသိရသေးပါဘူး။ အခုထိလည်း MH 370 လေယာဉ်ပျောက်ဆုံးမှုဟာ ပဟေဠိဆန်နေပါဘဲ။ 


အိမ့်သံစဉ် ~ 











No comments:

Post a Comment