Pages

Sunday, September 28, 2014

ထိုင်းရဟတ်ယာဉ်ကို စစ်တပ် MI 17 ပါ ပူးပေါင်း ရှာဖွေနေ

ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်မှာ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ ထိုင်း နိုင်ငံက B4 ရဟတ်ယာဉ်နဲ့ အဆက်အသွယ် ရ ရေး ထူးဖောင်ဒေးရှင်း က B3 ရဟတ်ယာဉ် ၂ စီးနဲ့ တပ်မတော် ( လေ) က MI 17 ရဟတ်ယာဉ်တစီးတို့ လည်း ဝေဟင်ကနေ ကြိုးစားနေတယ်လို့ ထူးဖောင်ဒေးရှင်း ဖေ့စ်ဘုတ်စာမျက်နှာက လွန်ခဲ့တဲ့ မိနစ်ပိုင်းက ထုတ်ပြန်အသိပေးထားပါတယ်။ 

 ဓာတ်ပုံ- ထူး ဖောင်ဒေးရှင်း

ထိုင်းရဟတ်ယာဉ်ဟာ  ပျောက်ဆုံးတောင်တက်သမား ၂ ဦးကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေး အဖွဲ့ ကို ရိက္ခာပို့ ရင်းမနေ့က အဆက်အသွယ်ပြတ်သွားခဲ့တာပါ။


အခု ပျောက်ဆုံး တောင်တက်သမား ရှာဖွေရေးလုပ်ငန်းနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တဲ့ ထိုင်း ရဟတ်ယာဉ် ရှာဖွေရေး လုပ်ငန်းတွေကို အစိုးရစစ်တပ်က စစ်သားတွေ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ဒေသခံတွေ လည်းပူးပေါင်း ကူညီနေတယ်လို့ ဆိုပါတယ်။ 

 "ကယ်ဆယ်ရေးရဟတ်ယာဉ် အဆက်အသွယ် ပြတ်တောက်နေကြောင်းကိုလည်း သက်ဆိုင်ရာ တိုင်းစစ် ဌာန ချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးသို့လည်း ဆက်သွယ်အကြောင်းကြားပြီး ဖြစ်ပါသည်"လို့လည်း ထူး ဖောင်ဒေးရှင်းက အသိပေးစာမှာ ဖော်ပြထားပါ တယ်။ 



အိမ့်သံစဉ် ~ 

 

.






No comments:

Post a Comment