Pages

Thursday, October 16, 2014

သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ အီတလီ ASEM မှာ ထပ်ဆုံဆည်း

အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) တက်ရောက်ဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း မနေ့ညက ရန်ကုန်က ထွက်ခွာ သွားရောက်ခဲ့သလို ထိုင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာလည်း မီလန်ကို ရောက်နေပါပြီ။ 

 ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်နဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံစဉ်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

အခုလို ASEM ထိပ်သီအစည်းအဝေးကို မြန်မာသမ္မတ တဦးအနေနဲ့ပထမဆုံးအကြိမ်တက်ရောက်တာဖြစ် တဲ့ သမ္မတ ဦးသိန်းစိန်နဲ့  ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့ ၂ ဦး ထပ်မံ ဆုံဆည်း
ဖြစ်ကြမှာပါ။ 

ဗိုလ်ချုပ်ကြီးပရာယုဒ်ကိုတော့ အီတလီနိုင်ငံ မီလန်မြို့မှာ ရှိတဲ့ အဝေးရောက် ထိုင်းပညာတတ်တွေနဲ့ တက်ကြွလှုပ်ရှား သူတွေက စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေလုပ်နေကြပြီး လန်ဒန်မှာ လိပ်ကျွန်း လူသတ်မှု စုံစမ်း စစ်ဆေးရေး ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြဖို့ သောကြာနေ့မှာ လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။ 

သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီး ပရာယုဒ် တို့ အီတလီနိုင်ငံ ASEM ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံကြ တဲ့ အခါ လိပ်ကျွန်းလူသတ်မှုကိစ္စ ထပ်မံပြောဆိုဖြစ်မယ်၊ မဖြစ်ဘူးဆိုတာတော့ မသိရသေးပါဘူး။

ASEM ထိပ်သီး အစည်းအဝေးကို အာရှနဲ့ ဥရောပဒေသတွေမှာ ၂ နှစ်တကြိမ် အလှည့်ကျ ကျင်းပလေ့ ရှိကြ တာပါ။ 

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလကတော့ လာအိုနိုင်ငံမှာ ၁၀ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပါ တယ်။ 

  
အိမ့်သံစဉ် ~ 





 ဧရာဝတီ Facebook / ဧရာဝတီ Twitter 






No comments:

Post a Comment