Pages

Wednesday, October 1, 2014

ဟောင်ကောင်မှာ လုံခြုံရေးကြောင့် ထိုင်း လေကြောင်းလိုင်း ရုံး ယာယီပိတ်

Thai Airways International (THAI) TG က ဟောင်ကောင်မှာ ဖွင့်ထားတဲ့ လက်မှတ်အရောင်းဌာန ရုံးခန်းကို လုံခြုံရေး အခြေအနေအရ လာမယ့် တနင်္ဂနွေနေ့ထိ ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

 ထိုင်း နိုင်ငံတကာ လေကြောင်းလိုင်း လေယာဉ်များ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

အင်္ဂါနေ့ထိ ဟောင်ကောင်မြို့လယ် စီးပွားရေး အချက်အချာ ကျတဲ့နေရာတွေမှာ ဆန္ဒပြသူတွေက ပိတ် ဆို့ နေရာယူထားကြပြီး အဲဒီနေရာတွေမှာပဲ ဆန္ဒပြသမားတွေဟာ အိပ်စက်နေမှုတွေတောင် ရှိတယ်လို့ သိရပါတယ်။ 

ဆန္ဒပြသမားတွေ စုဝေးနေကြတဲ့ နေရာဟာ ထိုင်း လေကြောင်းရဲ့ လက်မှတ်အရောင်းဌာန ရုံးခန်းနဲ့ အလွန်ပဲ နီးကပ်စွာ ရှိနေ တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ လေကြောင်းလိုင်းက ပြောတာကို ဘန်ကောက်ပို့စ်က ဖော်ပြ ပါတယ်။ 

 ဒါပေမယ့် လေကြောင်းလိုင်းရဲ့ ဝန်ဆောင်မှုကိုတော့ လာမယ့် တနင်္လာနေမှာ ပြန်လုပ်ပေးမယ်လို့ ဆိုပါ တယ်။

လေကြောင်းလိုင်းတာဝန်ရှိသူပြောတာက အခု လူစုလူဝေးနဲ့ ဆန္ဒပြမှုတွေဟာ ဟောင်ကောင်- ဘန်ကောက် ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းက လေယာဉ်တွေကို အနှောက်အယှက် မဖြစ်ဘူးလို့ လည်း ဆိုပါတယ်။ 

ဒီကနေ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ကတော့ ဟောင်ကောင်မှာ တရုတ် ရိုးရာနေ့လည်းဖြစ်၊ ဘိုးဘွား တွေ ကို ဂုဏ်ပြုတဲ့ ပွဲတော်ရှိတာကြောင့် တရားဝင် ရုံးပိတ်ရက်လည်းဖြစ်ပါတယ်တဲ့။ 

ဟောင်ကောင်မှာ ဒီမိုကရေစီ လိုလားတဲ့ ကျောင်းသားတွေခေါင်းဆောင်ပြီး ဟောင်ကောင် ကျွန်းသူ ကျွန်းသားတွေရဲ့ ဆန္ဒပြမှုတွေဟာ ကြီးမား ကျယ်ပြန့်လာနေပါတယ်။ 

ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တချို့နဲ့ ဆန္ဒပြပွဲမှာ ထင်ရှားသူတချို့ကို တရုတ် ရဲတွေက ဖမ်းဆီးခဲ့ ပြီး ဆန္ဒပြသူတွေကို ငရုတ်ရည်တွေနဲ့ ပက်တာ၊ မျက်ရည်ယိုဗုံးတွေ ခွဲပြီး လူစုခွဲတာတွေကို ဆန္ဒပြသူ တွေက ကြံ့ကြံ့ခံ အံတုနေပါတယ်။ 


အိမ့်သံစဉ် ~ 

 

.






 

No comments:

Post a Comment