Pages

Monday, October 27, 2014

တောင်အာဖရိက ဘောလုံးအသင်းခေါင်းဆောင် သေနတ်နဲ့ပစ်သတ်ခံရ

   တောင်အာဖရိကနိုင်ငံ အမျိုးသား  ဘောလုံးအသင်းခေါင်းဆောင်ဟာ အမည်မသိသေနတ်သမားတချို့ရဲ့ ပစ်ခတ်မှုကြောင့် မနေ့က သေဆုံး သွားပါတယ်။

 တောင်အာဖရိက အမျိုးသား ဘောလုံးအသင်းခေါင်းဆောင် ဆန်ဇို မရီဝါ၊ ဓာတ်ပုံ- The Independent

 
     တောင်အာဖရိက အမျိုးသားလက်ရွေးစင် ဘောလုံးအသင်း၊ အသင်းခေါင်းဆောင်လည်းဖြစ် ဂိုးသမား လည်းဖြစ်တဲ့ ဆန်ဇို မရီဝါ (Senzo Meyiwa ဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ တောင် အာဖရိက ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။ 

 သူ နေထိုင်ရာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်းစ်ဘတ်မြို့နားက Vosloorus မြို့က နေအိမ်ထဲကို လူတစုဟာ တနင်္ဂနွေ နေ့ ည ၈ နာရီ လောက်က ၀င်ရောက်လာခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်လို့ ဆန်ဇို မရီဝါ သေ နတ် ဒဏ်ရာနဲ့ ဆေးရုံ ကို အရေးပေါ် ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့တယ်လို့ တောင်အာဖရိက ရဲအရာရှိ တဦးက ဆိုထားတာကို အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။ 

“သံသယရှိဖွယ် လူ ၂ ဦးက အိမ်ထဲကို ၀င်သွားတယ်၊ တယောက်က အပြင်မှာ ကျန်ခဲ့တယ်။ ပစ်ခတ်မှုတွေ
ဖြစ်ပြီး ၃ ယောက်လုံး ခြေလျင်ထွက်ပြေးသွားခဲ့တယ်” လို့ အဆိုပါရဲအရာရှိက ပြောထားပါတယ်။ 

အခုတော့ တောင်အာဖရိက ရဲတပ်ဖွဲ့က ဆန်ဇို မရီဝါ ကို ပစ်ခတ်သတ်ဖြတ်သွားတဲ့ လူတွေကို ဖမ်းမိဖို့ ဆုငွေ အဖြစ် စတာလင် ပေါင် ၈၅၀၀ နဲ့ ညီမျှတဲ့ ငွေပမာဏနဲ့ ကြေညာထားပါတယ်။ 

အလားတူ ဆန်ဇို မရီဝါ သေဆုံးမှုကိုလည်း အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။ 

တချို့ အတည်ပြုလို့မရတဲ့သတင်းတွေအရ ဆန်ဇို မရီဝါ ရဲ့ ချစ်သူမိန်းကလေးရဲ့ အိမ်ကို သူရောက်နေခိုက် လုယက် သူတွေက သူ့ဆီက ပစ္စည်းလုယူဖို့ ကြိုးစားစဉ်မှာ အပြန်အလှန်ပစ်ခတ်ရင်း ဆန်ဇို မရီဝါ ဟာ 
သေနတ်မှန်သေဆုံးတာ လို့လည်း ဆိုပါတယ်။ 

အခုဆို ဆန်ဇို မရီဝါ ရဲ့ ကစားဖော် သူငယ်ချင်းတွေ အားလုံး လည်း ဆုံးရှုံးမှုအတွက် ၀မ်းနည်းစကားတွေ ကို တွစ်တာ စတဲ့ လူမှု ကွန်ယက်တွေမှာ ရေးနေကြပါတယ်။ 


 အိမ့်သံစဉ် ~ 


 

.







No comments:

Post a Comment