Pages

Monday, October 6, 2014

ဘာမြူဒါ သွားတဲ့ ငြိမ်းချမ်းရေးသမားကို ကယ်တင်လိုက်ရ

အမေရိကန် ပြည်ထောင်စု ဖလောရီဒါ ကမ်းခြေကနေ နာမည်ကြီး ဘာမြူဒါ တြိဂံဒေသကို လေပူပေါင်းနဲ့ ကူးခတ်သွားတဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတဦးကို အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က စနေနေ့က ကယ်တင် လိုက်ရပါတယ်။ 

 ဓာတ်ပုံ- စကိုင်းနယူးစ်

 အောက်တိုဘာလ ၅ ရက်နေ့က ပြည်ပအခြေစိုက် အီရန်အမျိုးသား Reza Baluchi ကို ဖလော်ရီဒါ ကမ်းခြေ ကနေ မိုင် ၁ဝ၃၃ မိုင်ကွာ ဘာမြူတာ ဒေသကို လေပူပေါင်းနဲ့  ဦးတည်ကူးခတ် သွားနေတုန်း ရေမိုင် ၇ဝ 
လောက်မှာ အားအင်ချိနဲ့ လာစဉ် ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်လိုက် တာဖြစ်တယ်လို့ စကိုင်း နယူးစ် သတင်းတပုဒ် မှာ ဖော်ပြပါတယ်။ 

Reza Baluchi က ၃ မီလီမီတာလောက်ထူတဲ့ ပလပ်စတစ်နဲ့ လုပ်ထားသော ပူပေါင်းတခုထဲ ဝင်ကာ ဟမ်းစတားလေးတွေ ပြေးကစားတဲ့အခါလည်စေတဲ့ ဘီးတခုလိုပုံစနံနဲ့ ပူပေါင်းကို ရေမှာကူးခတ် 
မျော ရွေ့စေတာပါ။ 

 ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ကမ်းခြေစောင့် တပ်ဖွဲ့ က အန္တရာယ်များတဲ့ ခရီးကို မသွားဖို့ တားမြစ်ခဲ့တာ ကို Reza Baluchi က ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဘာမြူဒါ တြိဂံဒေသဆိုတာ လေယာဉ်တွေ၊ သဘောင်္တွေ ထူးဆန်းစွာ ပျောက်ဆုံးတဲ့ ကိစ္စနဲ့ နာမည်ကြီးတဲ့ အန္တရာယ်ရပ်ဝန်းတခုပါ။
 
Reza Baluchi က အခုလို လုပ်ဖို့ စီစဉ်တာက အကူအညီလိုအပ်နေတဲ့ ကလေးတွေအတွက် ရံပုံငွေ ရှာဖို့ ၊အဲဒီကလေးတွေ အနာဂါတ်ဘဝ သာယာလှပဖို့ အခုလို စွန့်စားပြီး ရံပုံငွေ ရှာရေး အစီအစဉ်ကို လုပ်ခဲ့ တာလို့သူ့ကြေညာချက်က ဆိုပါတယ်။ 

Reza Baluchi ဟာ အီရန်နိုင်ငံမှာ နေခဲ့စဉ်က အမေရိကန် လိုလားသူလို့ ကင်ပွန်းတပ်ခံခဲ့ရပါတယ်။ ဒီအပြင် သူဟာ အစ္စ လမ် ရာမဒမ် ဥပုတ် လရာသီ အတွင်းမှာ အစာစားလို့ ဆိုတဲ့ စွပ်စွဲချက်အပါအဝင် အစ္စလမ်ဘာသာဆန့်ကျင်ရေးတွေလုပ် တယ်လို့ စွပ်စွဲခံခဲ့ရပြီး အီရန် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထောင် ချခံခဲ့ရသူပါ။ 



ထောင်က ပြန်လွတ်လာပြီး ၂ဝဝ၃ ခုနှစ်မှာတော့ Reza Baluchi ဟာ အမေရိကန်ပြည်ထောင်စု မှာ နိုင်ငံရေး ခိုလှုံခွင့်ရရှိ ကာ ကလေးဆေးရုံတခု တည်ဆောက်ပေးနိုင်ဖို့ အမေရိကန်တလွှား ရံပုံငွေ ရှာဖွေတဲ့ ၆ လခရီးအပါအဝင် စံချိန်တင် စက်ဘီးစီးပြတာ၊ တာဝေး ပြေးစံချိန်တင်တာမျိုးတွေ လုပ်ခဲ့လို့ သတင်းခေါင်းကြီးပိုင်းတွေကပါ ဖော်ပြခံရသူလည်းဖြစ်ပါတယ်။ 

သူဟာ ၇ နှစ်တာ ကာလအတွင်း ကမ္ဘာ့ တိုက်ကြီး ၆ တိုက်ပေါ်က နိုင်ငံပေါင်း ၅၅ နိုင်ငံကို စက်ဘီးနဲ့ ဖြတ် သန်းမောင်းနှင် ခဲ့ပြီးပါပြီ။ သူ့ရဲ့ ကိုယ်ပိုင် ရည်မှန်းထားတဲ့ မစ်ရှင်ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ စည်းလုံး ညီညွတ်မှုကို မြင့်တင်ဖို့ ဖြစ်တယ် လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~ 











1 comment:

  1. တသက်လုံး Bermuda ကို ဘာမြူဒါ. ဘာမြူဒါတြိဂံဒေသလို့သိလာတာ အခုမှပဲ ဘာမြူတာဆိုပြီး ဖတ်ဖူးတော့တယ်. အံ့ပါ့ ဧရာဝတီရေ. Proof လည်း မတင်ခင် ဖတ်ကြပါဦး. စာလုံးပေါင်းသတ်ပုံနိုင်စေချင်တယ်. ကိုယ့်စကားမဟုတ်ပေမယ့် Da ဆို ဒါ. Ta မှ တာ ဆိုတာလောက်တော့ သိရမှာပေါ့. အပြုသဘောပါ.




    ReplyDelete