Pages

Saturday, October 11, 2014

လိပ်ကျွန်းလူသတ်မှုမှာ တရားခံ အစစ်ဖြစ်ရေး သေဆုံးသူ မိသားစုတောင်းဆို



ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီခရိုင် လိပ်ကျွန်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့က သတ်ဖြတ်ခံခဲ့ရသူ ဗြိတိန်အမျိုးသမီး မစ္စ ဟန်နာ ဝစ်သရစ်ခ်ျရဲ့ မိသားစုတွေက ထိုင်းတရားရုံးမှာ လူသတ်မှုနဲ့ တရားရင် ဆိုင်ရမယ့်သူတွေဟာ တရားခံ အစစ်မှန်တွေနဲ့သာ ဖြစ်ဖို့ တောင်းဆိုလိုက်ပါတယ်။ 

လိပ်ကျွန်းတွင် သေဆုံးသွားသူ မစ္စဟန်နာ ဝစ်သရစ်ခ်ျ၊ ဓာတ်ပုံ- ဒေးလီးမေးလ်

 သေဆုံးသူ ဟန်နာရဲ့ ဈာပန အခမ်းအနား ကိုတော့ ယမန်နေ့က ဗြိတိန်နိုင်ငံမှာ ကျင်းပခဲ့ရင်း မိသားစု ရဲ့တောင်းဆိုမှုတွေပါဝင်တဲ့ ကြေညာချက်နဲ့ပတ်သက်လို့  ဒေးလီးမေးလ် သတင်း တပုဒ်မှာ ဖော်ပြထားပါ တယ်။



အဲဒီကြေညာချက်ထဲမှာ အခင်းဖြစ်စဉ်က ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ဟန်နာရဲ့ ဓာတ်ပုံတွေကိုလည်း ပို့စ်တင်ထားသူတွေအနေနဲ့ အင်တာနက်ကနေ ဖယ်ရှားပေးဖို့လည်း ပါဝင်ပါတယ်။ 

မစ္စ ဟန်နာရဲ့ ရုပ်အလောင်းကို ထိုင်းနိုင်ငံက ဗြိတိန်နိုင်ငံက သူ့မိသားစုဆီ ပြန်လည် ပို့ဆောင်ပြီး ၃ ပတ်
ကြာ ထားပြီမှ မနေ့ကမှ ဈာပန အခမ်းအနားကို ကျင်းပခဲ့တာပါ။ 

ဟန်နာရဲ့ ဈာပန အခမ်းအနားကိုလည်း သေဆုံးသူရဲ့ ဆန္ဒအတိုင်း မိသားစုတွေက စီစဉ်ပေးခဲ့တာဖြစ် တယ် လို့ ဒေးလီးမေးလ်သတင်းက ဆိုထားပါတယ်။ 



မစ္စဟန်နာရဲ့ ဈာပန ဓာတ်ပုံတွေကိုလည်း ထိုင်း လူမှု ကွန်ယက်ထဲက လိပ်ကျွန်း လူသတ်မှုအကြောင်း စဉ်ဆက်မပြတ်သုံးသပ်တင်ပြနေတဲ့ CSI LA ကလည်း ဒေးလီးမေးလ်က ဖော်ပြတဲ့ ဈာပန ဓာတ်ပုံတွေ ကို ဖော်ပြထားပါတယ်။





အိမ့်သံစဉ် ~









  

No comments:

Post a Comment