Pages

Tuesday, October 14, 2014

ဗြိတိန်က ထိုင်းသံအရာရှိကို လိပ်ကျွန်းဖြစ်ရပ်စုံစမ်းမှုအကြောင်း ဆင့်ခေါ်မေးမြန်း



.



 

ဗြိတိန်အစိုးရက သူ့နိုင်ငံသား ၂ ဦး ထိုင်းမှာ သတ်ဖြတ်ခံရအပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေအကြောင်း
သိရဖို့အတွက် လန်ဒန်မှာရှိတဲ့ ထိုင်းသံရုံးယာယီတာဝန်ခံကို ဆင့်ခေါ် မေးမြန်းခဲ့ပါတယ် တဲ့။

 


  •  စက်တင်ဘာ ၁၆ ရက်နေ့က ဘန်ကောက်မြို့ ရဲအဖွဲ့ မှုခင်းဌာနကို  ရောက်လာတဲ့ ဗြိတိသျှ ၂ ဦးရဲ့ ရုပ်အလောင်းများ (Photo: Reuters / Athit Perawongmetha)

ဒီအကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်တယ်လို့ ဧရာဝတီသတင်းတပုဒ်  http://www.irrawaddy.org/asia/britain-summons-thai-envoy-backpacker-murders.html မှာ ရေးထားပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ်မြန်မာအလုပ်သမား ၂ ယောက်ကို ဖမ်းဆီးထားတယ်၊ သူတို့က ကျူးလွန်ကြောင်း ၀န်ခံတယ် ဆိုပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
နှိပ်စက်ညှင်းပန်းလို့ အဲဒီလို ဖြောင့်ချက်ပေးတာဖြစ်မယ်လို့ သုံးသပ်ချက် အများအပြား ပေါ်ထွက်နေပေမယ့် ထိုင်းရဲကတော့ သူတို့မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထား ရှိနေပြီလို့ ဆိုပါတယ်။

စုံစမ်းဖော်ထုတ်မှုအနေအထားနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောဆိုဖို့ လန်ဒန်မြို့ ထိုင်းသံရုံးယာယီတာဝန်ခံကို ဆင့်ခေါ်ရာမှာ ဗြိတိန်နိုင်ငံခြားရေးရုံး ၀န်ကြီးက  ... စုံစမ်းစစ်ဆေးမှုကို မျှမျှတတ ထင်သာမြင်သာရှိရှိ ဆောင်ရွက်ဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့တယ်လို့
ဗြိတိန်နိုင်ငံခြားရေးဌာနထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Britain Summons Thai Envoy Over Backpacker Murders

http://www.irrawaddy.org/asia/britain-summons-thai-envoy-backpacker-murders.html




.

No comments:

Post a Comment