Pages

Wednesday, October 15, 2014

သမ္မတ ရုပ်ရှင်ရုံအနီးမှာ ရိုက်မှုဖြစ်ပွား


ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံ အနီးက မီးရထားကုန်းကျော်တံတားပေါ်မှာ ကားသမားတွေနဲ့ ဆိုက်ကား သမားတွေ အချင်းများပြီး ရိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ 


 ဓာတ်ပုံ - Zaw Naing (Facebook)

သမ္မတ ရုပ်ရှင်ရုံရှေ့က ကားရပ်နားရာနေရာ မှာ အခြားကားတစီးကို အော်ဟစ်ကြိမ်းမောင်း ပြောဆိုနေတဲ့ ကားတစီးပေါ်က လူရှစ်ယောက်နဲ့ အနီးမှာ ရှိနေတဲ့ ဆိုက်ကားသမားတွေနဲ့ ဖြစ်ပွား ခဲ့ကြတာလို့ သိရပါ တယ်။

 ကြိမ်းမောင်းပြောဆိုရင်း ကားပေါ်က ဆင်းလာတဲ့ လူ ရှစ်ယောက်နဲ့ ဆိုက်ကားသမားတွေအဖွဲ့ အပြန် အလှန် ထိုးကြိတ်ရိုက်နှက်ခဲ့ကြရာ ခြောက်ဦးက ဒဏ်ရာတွေနဲ့ ကားပေါ်ပြန်တက်ပြီး မောင်းပြေးခဲ့ပြီး ကျန်နေတဲ့ နှစ်ယောက်နဲ့ ဆိုက်ကားသမားတွေ ထပ်မံဖြစ်ပွားခဲ့တဲ့ အတွက် အဆိုပါနှစ်ဦးလည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ 



 
 

No comments:

Post a Comment