Pages

Tuesday, October 21, 2014

အီဘိုလာတားဆီးရေးအတွက် လေဆိပ်တွေမှာ အဖျားတိုင်းစက်တပ်ဆင်

.


ကမ္ဘာ့ ကပ်ရောဂါတခုလို့တင်စားပြောရမလိုဖြစ်နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စောင့်ကြည့်တဲ့ လုပ်ငန်းတွေ ကို မြန်မာအစိုးရ ကျန်းမာရေး ၀န်ကြီးဌာနကလည်း အရှိန်အဟုန်နဲ့လုပ်ဆောင်လာနေတယ် လို့ Myanmar CDC ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ဓာတ်ပုံတွေနဲ့ တင်ပြလာပါတယ်။ 



 ဓာတ်ပုံ- Myanmar CDC

အထူးသဖြင့်တော့ လေဆိပ်တွေမှာ Infra red Fever Screening System (Thermal Scan) စက်ကိရိယာတွေ တပ်ဆင်မှုလုပ်တာမှာ နေပြည်တော်၊ ရန်ကုန် တို့မှာ စက်တပ်မှု အသစ် ၁ ခုစီ ထပ်တိုးပြီး မန္တလေး၊  ညောင်ဦးလေဆိပ်တွေမှာလည်း စက်အသစ် တခုစီ အသစ် တပ်ဆင်လိုက်တယ်လို့ သိရပါတယ်။ 



ဒါကြောင့်အခုဆို အနီအောက်ရောင်ခြည်သုံး အကဲဖြတ်စနစ်နဲ့ အဖျားတိုင်းတာ ကိရိယာစက်တွေဟာ  
နေပြည်တော် လေဆိပ်မှာ စက် ၂ ခု၊ ရန်ကုန် လေဆိပ်မှာ ၂ ခု၊ မန္တလေးလေဆိပ်မှာ ၁ ခု၊ ညောင်ဦး လေ ဆိပ် မှာ ၁ ခုတို့ဖြစ်တယ်လို့ သိရပါတယ်။ 

အခုလို စက်ကိရိယာတွေ ထားရှိ စောင့်ကြည့်မှုတွေဟာ ဘယ်လောက်ထိ အလုပ်ဖြစ်နေတယ်ဆိုတာတော့
အသေးစိပ်မသိရပါဘူး။ 

အောက်တိုဘာလ ၁၇ ရက်နေ့ထိ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံရသူ မရှိဘူးလို့လည်း အသိပေးကြေညာထားပါတယ်။ 



အိမ့်သံစဉ် ~ 








1 comment:

  1. အီဘိုလာ Vs ရန်ကုန်လေဆိပ် (သတိမမူဂူမမြင်)
    ဘယ်သူ့ဘယ်သူကိုမှ ထိခိုက် စေဖို့ရည် ရွယ်တာ မဟုတ်ပါဘူး
    ကိုယ်တိုင် မြင်တွေ့ကြုံကြိုက်ခဲ့တဲ့အရာတခုကိုယ်စေတနာ သန့်သန့်နဲ့်
့မဖြစ်သင့်တာတွေ မဖြစ် ရ အောင် သက်ဆိုင် သူတွေ အချိန်မှီပြုပြင် နိုင် အောင်
    ဥဏ်လေးတထွာတမိုက်နဲ့ကိုယ့်သိသ လောက် လေးအကြံပေးတာပါ
    အခုတ လော နာမည်ကြီးနေတဲ့အီဘိုလာဆိုတဲ့ကုရာနတ်ထိဆေးမရှီAIDSထက်ဆိုးတဲ့ရောဂါကို
    လူတိုင်းမဟုတ်တောင် အနည်းဆုံးFBသုံးတဲ့လူတိုင်းသိမယ် လို့ယူဆပါတယ်
    အဲသည့်ရောဂါကို ကာကွယ်ဖို့စစ်ဆေးဖို့နိုင် ငံတော် တော်များများဟာ
    လေဆိပ်,ွရေဆိပ် ကုန်းတွင်းနယ်စပ် ဖြတ်ကျော်ဂိတ်တွေမှာ Ebola Screening ကို
    အသုံးပြုပြီးစစ်ဆေးကြပါတယ်
    ပြီးခဲ့တဲ့လကျွန်တော်မြန်မာပြည်ခွင့်ပြန်တော့
    ရန်ကုန်လေဆိပ် ပြည်ပ ဆိုက်ရောက်ဆောင် မှာတတ်ဆင် ထားတာ တွေ့ရတယ်
    ဒါပေမဲ့ဖြစ်ခြင်တော့
    ကျွန်တော်ဗီဇတိုင်းစပ်စပ်စုစု လေ့လာမိတယ်
    ရန်ကုန်လေဆိပ်မှာ ပြည်ပ ဆိုက်ရောက်အ ပေါ်ထပ်က နေ
    မြေညီထပ်ကို သွားမယ်ဆို လှေကားသုံးခုရှီတယ်ဗျ
    ရိုးရိုးလှေကားနဲ့ယှဉ်လျှက် Stair Lift(စက်လှေကား)ကိုလူတိုင်းနည်းပါးသတိထားမိပြီးအသုံးများပေးမဲ့
    အပေါ်ထက်လှေကားနားမ ရောက်ခင် ဘယ်ဘက်မှာရှီတဲ့ အ ပေါ်ထပ်က နေဆင်းရင်
    အောက်ထပ်မြေညီလူဝန်မှူကြီးကြပ်ရေးကောင် တာ ရှေ့ကိုတန်းရောက်တဲ့
    Elevator Lift (ဓါတ်လှေကား)ကိုတော်တော်များများသတိမထားမိကြဘူး
    ကျွန်တော်အထင်ပြောရရင်လေဆိပ် ၀န်ထမ်းတွေလောက်ဘဲအသုံးများပုံရတယ်
    ကျွန်တော်တောင်သူများမှာလိုက်တဲ့လူကြုံပစ္စည်းတွေနဲ့တနင့်တပိုးဖြစ်နေလို့
    သန့်ရှင်းရေးဝန်ထမ်းနှစ်ယောက်ကိုအကူညီတောင်းမယ်အလုပ်မှာသူတို့ဝင်
    သွားတာတွေ့လို့အဲသည့်နေရာမှာဓါတ်လှေကားရှီမှန်းသတိထားမိတာ
    ကျွန်တော်လဲအထူးဆန်းဆိုးပြီးသူတို့နဲ့အတူတူလိုက်ဝင်ပြီးအောက်ဆင်းလိုက်တာ
ဲမြေသျှိုးမိုးပြံ ပြီး လေယဉ်ပေါ်က ကိုယ့်ရှေ့ကဆင်းသွားတဲ့လူအားလုံးကိုကျော်ဖြတ်ပြီး
    တခါထဲ့လူဝန်မှူကြီးကြပ်ရေးကောင် တာ ရှေ့ကိုဘွားခနဲရောက်သွားတယ်
    ပြသနာအစစ်က အဲ့သည့်မှာစ တွေ့တာဘဲ*********
    အဲ့သည်လူဝင် မှူကြီးကြပ်ရေးကောင် တာ ရှေ့တန်းရောက်တဲ့ *******
    ဓါတ်လှေကားရဲ့ရှေ့မှာ ဘာ အ စောင့်အကြပ် ဘာစစ်ဆေးရေးစက်မှမရှီတာဘဲ*******
    တကယ်ဆို အ ပေါ်က နေ အောက် အဆင်းကိုအဲ့သည့်ဓါတ်လှေကားကိုလုံးဝပေးမသုံးသင့်ပါဘူး
    လေဆိပ်ဝန်ထမ်းတွေအပါအ၀င် ဘယ်လိုပုဂိုလ်မျိုးကိုမှဖြတ်သန်းအသုံးပြုခွင့်မ ပေးသင့်ပါဘူး
    မြန်မာပြည်ကိုလာရောက်တဲ့ခရီးသွားတော်တော်များများဟာ စကာင်္ပူ, ဘန်ကောက်, ဒူဘိုင်း, နရီတာ, KLအစရှီတဲ့လုံခြုံရေးအဆင့်တန်းမြင့်မားတဲ့လေဆိပ်တွေကိုဖြတ်သန်းလာခဲ့တယ်
    အထပ်ထပ်စစ်ဆေးခံပြီးသားဆိုပြီးပေါ့ပေါ့လျှော့လျှော့မ နေ့သင့်ပါဘူး
    အလုံးစုံ်လုံခြုံစိတ်ချရတဲ့စစ်ဆေးရေးနည်းပညာဆိုတာကမ္ဘာပေါ်မှာမ ပေါ်သေ်း ပါဘူး
    ကျွန်တော်သိသ လောက်ဆိုရင် သည်ရောဂါကူးဆက်ပြန့်ပွားမှူ့နှုန်းကအရမ်းမြန်ပါတယ်
    ရောဂါရှင် ရဲ့ခန္ဒာကိုယ်ကထွက်တဲ့ချွေးနှပ်သလိပ်စတဲ့ဟာနဲ့ထိတွေ့တာနဲ့
    မိမိရဲ့ကိုယ်ခံအားပေါ်မူတည်ာပြီးကူးစက်နိုင် ပါတယ် ကူးစက်သွားပြီဆိုရင်တော့
    မိမိကိုယ်ခံအားနဲ့ဘဲပြန်လည်တွန်းလှန်ဖို့ဘဲရှီပါတော့တယ်
    အခုချိန်ထိ ပျောက်ကင်းအောင် ကုသ နိုင် မယ့်ဆေးမ ပေါ်သေးပါဘူး
    နောက်ဆုံးတော့ကျွန်တော်လဲကိုယ့်ဝမ်းနာကိုယ်သာသိမို့
    လက်ထဲကအထုတ်လေးတွေ ခဏချပြီး virus scanner ရှေ့ကို
    အလိုက်တသိ ဘယ်သူတဦးတ ယောက် ရဲ့တိုက်တွန်းသွေးဆောာင် ဖျားယောင်ခြင်းမရှီဘဲ့ 
    မိမိဆန္ဒအရသွားရောက်အစစ်ဆေးခံခဲ့ပါတယ်
    အခုချိန်ထိ ကျွန်တော်အ တွေးထဲ
    အိမ်မက်တွေထဲမှာ ခြောက်လှန့်နေခဲ့တာကတော့
    ရောဂါသည်တ ယောက်ယောက် ဒါမှမဟုတ်
    လုပ်ငန်းတာဝန်ထမ်းဆောင် ရင်း မိမိကိုယ်တိုင်မသိရှီလိုက်ဘဲ
    ရောဂါကူးစက်ခံလိုက် ရတဲ့လေဆိပ်ဝန်ထမ်း
    ဒါမှမဟုတ် မြန်မာပြည်ထဲမှာရောဂါဖြန့်ဝေဖို့ရည်ရွယ်ချက် ရှီရှီ ၀င် လာတဲ့
    အသေခံအကြမ်းဖက်သမားတ ယောက်ယောက် ဟာအဲ့သည်လမ်းကြောင်းအဲ့သည့်ဓါတ်လှေကားကိုအသုံးပြုပြီး
    Virus Scanner ကိုရှောင် ကွင်းပြီးမြန်မာပြည်ထဲကိုဝင် လာခဲ့ရင်?????
    screening မှာ တာဝန်ကျ နေ တဲ့ ၀န်ထမ်းတွေ ဟာ basic ppe ဖြစ် တဲ့ Mask, Glove နဲSafety goggles လေးတောင် အသုံးပြုထားတာ မ တွေ့ရပါဘူး
    ဒါ လဲ စိုးရိမ် စရာ ပါ ဘဲ တကယ် လိုများ ရောဂါသည် တ ယောက် ယောက် ခရီးသည် ထဲမှာ ပါလာခဲ့ရင် လုံလောက် တဲ့အကာ ကွယ်မရှီဘဲသူတို့ဘယ်လိုတားစီးမလဲ?
    သူတို့အ နေ နဲ့တားစီးဖို့မလိုဘူး Emergency Respond Team ကိုယ် တားစီးဖို့ဆက်သွယ်မယ်ဆိုရင်
    ဘယ်နယ်မိနစ် အတွင်းမှာတုန်းပြန်နိုင် မလဲ????

    ReplyDelete