Pages

Friday, October 17, 2014

တမလွန်က အဖွားရဲ့ ဖုန်းမက်ဆေ့ခ်ျ ရလိုက်သောအခါ

  ရှရီ အမ်မာစန်နဲ့ သူ့ ဦးလေး ဖြစ်သူ ဂရေဟမ်တို့ဟာ တမလွန်ရောက်သွားပြီဖြစ်တဲ့ အဖွား လက်စလေ အမ်မာစန်ဆီက တယ်လီဖုန်း သတင်း မက်ဆေ့ခ်ျတွေ လက်ခံရလိုက်တဲ့အခါ ထိတ်လန့်သွားခဲ့ကြတယ်။ 


 အဖွား လက်စလေရဲ့ ဖုန်းက မက်ဆေ့ခ်ျကို လက်ခံရလိုက်တဲ့ မြေးဖြစ်သူ ရှရီနဲ့ ဦးလေးဖြစ်သူ ဂရေဟမ်၊ 
ဓာတ်ပုံ- The Mirror

ဒါဟာ South Shields ဆိုတဲ့ ဗြိတိန်က မြို့လေးမှာ ဖြစ်ခဲ့တဲ့အကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်း တပုဒ် မှာလည်း ရေးထားတာ တွေ့ရမှာပါ။

အသက် ၅၉ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ အဖွား လက်စလေအမ်မာစန်ကို သူ့ရဲ့လက်ကိုင်ဖုန်းကိုပါ တပါတည်း မြေ မြှုပ် သဂြိုလ်ခဲ့ကြပါတယ်။ 


အကြောင်းကတော့ အဖွားအမ်မာစန်ဟာ သူချစ်တဲ့ မိသားစုတွေကို ဖုန်းမက်ဆေ့ခ်ျပို့ရတာကို အတော်ပဲ မြတ်နိုးခင်တွယ် ခဲ့လို့ပါတဲ့။ 

ဒါကြောင့်ပဲ မြေးဖြစ်သူ ရှရီ အမ်မာစန်နဲ့ ဆွေးမျိုးရင်းချာ မိသားစုဝင်တွေက ကွယ်လွန်သွားပြီဖြစ်တဲ့ အဖွား အမ်မာစန်ဆီ ကို သူတို့ လွမ်းဆွတ်တဲ့အကြောင်း၊ ပူဆွေးသောကတွေ ဖြစ်ကြရတဲ့အကြောင်းတွေလည်း အဖွားနဲ့ အတူ မြေမြုပ်သဂြိုလ် ခဲ့တဲ့ တယ်လီဖုန်းနံပတ်ဆီကို ဆက်ပြီး ပို့နေခဲ့ကြတာပါတဲ့။ 

ဒါပေမယ့် တနေ့မှာတော့ မြေးဖြစ်သူ ရှရီအမ်မာစန်ဟာ သူ့လက်ကိုင်ဖုန်းဆီ အဖွား အမ်မာစန်ရဲ့ ဖုန်းနံပတ် ဆီက မက်ဆေ့ခ်ျ ရောက်လာပါတော့တယ်။ 

 "I'm watching over you, and it's all going to get better.

 "Just push through." 

အဲဒီ မျက်ဆေ့ခ်ျလည်း ရရော ရှရီတို့ အံ့သြထိပ်လန့်ကုန်ကြတယ်လို့ The Mirror သတင်းတပုဒ်မှာ ရေးထားပါတယ်။ 

အဖွား လက်စလေရဲ့ မိသားစုတွေကလည်း အဲဒီဖုန်းနံပတ်ကို နောက်တခါ ဘယ်တော့မှ မသုံးတော့ဘူးလို့ အခိုင်အမာ ယုံကြည်ထားခဲ့ပေမယ့် အဖွား လက်စလေ အမ်မာစန်သေပြီ ၃ နှစ်အကြာမှာ ဖုန်းကုမ္ပဏီ O2 က နောက်ထပ် သုံးစွဲသူ တဦးကို ပေးခဲ့လိုက်တယ်။ 

အစကတော့ အဲဒီ လူသစ်ကလည်း သူ့ဆီ မကြာခဏ ရောက်ရောက်လာတဲ့ ဖုန်းမက်ဆေ့ခ်ျတွေကို ဟာသ တခုအနေနဲ့ လက်ခံထားခဲ့ရင်း သူကလည်း ပြန်လည် စပြောင် နောက်ချင်တာနဲ့ အဲဒီလို ပြန်ရေးပြီး မက်ဆေ့ခ်ျ ပို့ခဲ့တာလို့ နောက်တော့ ဝန်ခံပြောလိုက်ချိန်မှာ … 

လက်စလေ အမ်မာစန်ဟာ အသက် ၅၉ နှစ်အရွယ်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လတုန်းက ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး သူ့ နဲ့ အတူ သူမြတ်နိုးတဲ့ လက်ကိုင်ဖုန်းပါ တပါတည်း ထည့်သဂြိုလ်ခဲ့တာပါ။ 

 ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွက် ရှရီ အမ်မာစန်နဲ့ ဦးလေး ဖြစ်သူ ဂရေဟမ်တို့ကလည်း အဖွားဖြစ်သူရဲ့ လက်ကိုင်ဖုန်းကို အမြဲလို ဖုန်းမက်ဆေ့ခ်ျပေးပို့နေခဲ့ရင်း တနေ့မှာ အဲဒီနံပတ်ကနေ ပြန်ရောက်လာတဲ့ ဖုန်းမက်ဆေ့ခ်ျရောက်ခဲ့ရာက အထိတ်တလန့်ဖြစ်ကုန်ခဲ့ကြတာပါပဲ တဲ့။ 

 ဦးလေး ဂရေဟမ်ဖြစ်သူက ဒါကြောင့် အဲဒီ အဖွား အမ်မာစန်ရဲ့ ဖုန်းနံပတ်ကို ခေါ်ဆိုလိုက်တဲ့အခါ အမျိုးသား တဦးကကိုင်ပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

သူကလည်း ဒီ ဖုန်းနံပတ်ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ စသုံးခဲ့သူဖြစ်တယ်ဆိုတာ သိခဲ့ကြပြီး ဒီသတင်းဇာတ်လမ်းတပုဒ်ဖြစ်လာတော့တာပါပဲ။ 



အိမ့်သံစဉ် ~ 














No comments:

Post a Comment