Pages

Friday, October 10, 2014

ခိုင်လာ့ရှ် ဆယာ့ထီနဲ့ မာလာလာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိ

နော်ဝေနိုင်ငံ အခြေစိုက် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးအဖွဲ့က ယခုနှစ်အတွက်ငြိမ်းချမ်းရေး နိုဗဲလ်ဆု ကို အိန္ဒိယ နိုင်ငံမှ မစ္စတာ Kailash Styarthi နှင့် ပါကစ္စတန်နိုင်ငံမှ မာလာလာ ယူဆွတ်ဇာအိ( Malala Yousafzay ) တို့ကို ရွေးချယ်လိုက်ကြောင်း ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကြေညာပါတယ်။ 

 ဓာတ်ပုံ- Nobelprize.org



မစ္စတာ ခိုင်လာ့ရှ် နှင့် မစ္စ မာလာလာတို့သည် ကလေးသူငယ်နှင့် လူငယ်များ၏ ပညာရေး အခွင့်အရေး ဖိနှိပ်ခံရမှု များကို ရုန်းကန်လှုပ်ရှားခဲ့သည့်အတွက် ယခုကဲ့သို့ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်များ အဖြစ် ရွေးချယ်
ခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ကြေညာသွားတာပါ။ 

ပါကစ္စတန် အမျိုးသမီးများ ပညာသင်ယူခွင့် ရရှိရေး ကြိုးပမ်းသည့် အသက် ၁၆ နှစ် အရွယ်ရှိ မာလာလာ သည် ၂၀၁၂ ခုနှစ်က တာလီဘန် အကြမ်းဖက် သမားတွေရဲ့ ပစ်ခတ်မှုခံရပြီးနောက် ကမ္ဘာတ၀န်းက သူ့ကို လေးစား အသိအမှတ်ပြုလာကြပါတယ်။ 

အိန္ဒိယနိုင်ငံသား မစ္စတာ ခိုင်လတ် ဆယာ့ထီ ကလည်း ကလေး အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်ပြီး ၁၉၉၀ ခုနှစ်များကတည်းက ကလေး လုပ်သား ပပျောက်ရေးလှုပ်ရှားမှုတွေ အိန္ဒိယနိုင်ငံမှာ လုပ်ဆောင် လာခဲ့သူ ဖြစ်ပါတယ်။ 









No comments:

Post a Comment