Pages

Friday, October 3, 2014

ဟောင်ကောင်ဆန္ဒပြသူတွေ တရုတ် စွမ်းအားရှင်တွေနဲ့ ပဋိပက္ခဖြစ်

ဟောင်ကောင်ကျွန်းက ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူတွေက ဟောင်ကောင် အုပ်ချုပ်ရေးမှူးနဲ့ စကား
ပြောဖို့ ကိစ္စကို ပယ်ချလိုက်ပါတယ်။ 

ဓာတ်ပုံ- ရိုက်တာ

အကြောင်းကတော့ ဆန္ဒပြသူတွေကို တရုတ်ကွန်မြူနစ် အစိုးရ လို လားသူ ဆန့်ကျင်ဘက် အုပ်စု တွေက တိုက်ခိုက်တာတွေကြောင့် ဖြစ်တယ်လို့ ဟောင်ကောင် ကျောင်း သား သမဂ္ဂက ပယ်ချတဲ့အကြောင်း ပြော လိုက်တာပါ။ 


ပထမတော့ ဟောင်ကောင် အုပ်ချုပ်ရေးမှူးနဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြသူတွေကဆွေးနွေးပြောဆိုဖို့ သဘောတူခဲ့ပါသေးတယ်။



ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲံ ကျောင်းသားနဲ့ ဟောင်ကောင် ပြည်သူတွေကို တန်ပြန် သပိတ်လုပ်ဆောင် တဲ့ ဟောင်ကောင် စွမ်းအားရှင်တွေက ဒီကနေ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ကြားဝင်ဖြေ ရှင်းပေးခဲ့ရပြီး ဒီမိုကရေစီ တောင်း ဆိုရင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ထိခိုက်ဒဏ်ရာရကြတယ်လို့ စီအန်အန် သတင်းမှာ ဖော်ပြပါတယ်။ 


ဟောင်ကောင် ရဲကလည်း ဆန္ဒပြသူတွေဟာ ဥပဒေချိုးဖောက်နေတာမို့ ဖမ်းဆီးခံရမယ်လို့ ပြောထားပါ တယ်။ 

ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ရာထူး က နုတ်ထွက်ပေးဖို့ ဆန္ဒပြသမား တွေက တောင်းဆို ထားပေ မယ့် ငြင်းပယ်ခဲ့အပြီး တိုက်ခိုက်မှုတွေနဲ့ ချေ မှုန်း မှုတွေ အရှိန် မြင့်မယ့်အနေအထားလို့ ဟောင်ကောင်က လူတွေက ပြောထားပါတယ်။ 

ဟောင်ကောင်ဆန္ဒပြပွဲ သတင်းတွေကတော့ ကမ္ဘာတလွှား မီဒီယာတွေမှာ အပြိုင်အဆိုင် ဖော်ပြနေ ကြပါတယ်။ 

ဒါပေမယ့် ပြည်သူဗဟိုပြု မြန်မာနိုင်ငံက နိုင်ငံပိုင် သတင်းစာတွေမှာတော့ ဟောင်ကောင် ဆန္ဒပြမှု ဖြစ် စဉ်တွေကို ဖော်ပြတာ မတွေ့ရပါဘူး။













  




အိမ့်သံစဉ် ~ 








No comments:

Post a Comment