Pages

Wednesday, October 22, 2014

မြောက်ကိုရီးယားဖမ်းထားတဲ့အမေရိကန်တယောက် လွတ်မြောက်လာ

-



မြောက်ကိုရီးယားက သူတို့ဖမ်းထားတဲ့ အမေရိကန် ၃ ယောက်ထဲက ၁ ယောက်ကို ရုတ်တရက်လွှတ်ပေးလိုက်ပါတယ်။
အိမ်ကို သူပြန်လာနေပြီလို့ အမေရိကန်အစိုးရက အင်္ဂါနေ့မှာ ကြေညာပါတယ်။

 


  • မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်အီဆွန်းကြေးရုပ်  (Photo: Reuters)

မြောက်ကိုရီးယားရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေ များလာချိန်မှာ အခုလို သူ့ကို လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဧရာဝတီအွန်လိုင်းစာမျက်နှာ http://www.irrawaddy.org/asia/north-korea-unexpectedly-frees-american-jeffrey-fowle.html မှာ ဖော်ပြထားပါတယ်။

အမေရိကန်ကတော့ ကျန်နေသေးတဲ့ သူ့နိုင်ငံသား ၂ ယောက်ကိုလည်း လွှတ်ပေးဖို့ လိုသေးကြောင်း တိုက်တွန်းပါတယ်၊
အခုတယောက် လွတ်မြောက်လာတာကိုလည်း ကြိုဆိုလိုက်ပါတယ်။

အခု လွတ်လာသူ အသက် ၅၆ နှစ်အရွယ် Jeffrey Fowle က အိုဟိုင်းယိုးပြည်နယ်  မိုင်ယာမီစဘတ်မြို့ ဒေသခံ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံအတွင်း မေလက ခရီးသွားစဉ်  စားသောက်ဆိုင်မှာ သမ္မာကျမ်းစာအုပ် ထားခဲ့မှုနဲ့ အဖမ်းခံခဲ့ရခြင်းပါ။

ဘာကြောင့်ပြန်လွှတ်ပေးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အမေရိကန်ကတော့ အသေးစိတ် ထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။ သူ လွတ်လာဖို့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးညှိနှိုင်းတာကတော့ ပြုံယမ်းမြို့တော်မှာရှိတဲ့ ဆွီဒင် သံတမန်တွေပဲ ဖြစ်ပါတယ်။

ဆွီဒင်က ပြုံယမ်းမှာ သံရုံးရှိပါတယ်၊ အမေရိကန်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လုပ်ပိုင်ခွင့် ရထားတဲ့သံရုံးပါ။

မြောက်ကိုရီးယားညူကလီးယားစီမံကိန်းနဲ့ ပတ်သက်ပြီး အပေးအယူလုပ်တာမျိုးမဟုတ်ဘဲ ပြန်လွှတ်ဖို့၊ ချွင်းချက်မရှိ ပြန်လွှတ်ဖို့ အမေရိကန်က တောင်းဆိုနေတာ ကြာပါပြီ။

 အမေရိကန်တဦးကို ပြန်လွှတ်ပေးချိန်ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့က မြောက်ကိုရီးယားကို နိုင်ငံတကာခုံရုံးတင်နိုင်ရေး လှုံ့ဆော်ကြ ကြိုးစားနေကြတဲ့အချိန်ပါ။
အမှုကတော့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု ဖြစ်ပါတယ်။


ဆက်စပ်ဖတ်စရာတချို့

မြန်မာလို ဟဲတဲ့ မြောက်ကိုရီးယားလုံမေများ

ကင်ဂျုံအီးလ် အလွန် မြန်မာ- မြောက်ကိုရီးယား ဆက်ဆံရေး

ဂျပန်ပြည်က ကိုရီးယားများ

မူရင်းသတင်း
North Korea Unexpectedly Frees American Jeffrey Fowle
http://www.irrawaddy.org/asia/north-korea-unexpectedly-frees-american-jeffrey-fowle.html


-

No comments:

Post a Comment