Pages

Monday, October 20, 2014

သတင်းထောက်တဦးပျောက်ဆုံးနေမှုအကြောင်း မိသားစု ရှင်းမယ်


.




သတင်းထောက် ကိုအောင်ကျော်နိုင် (ကိုပါကြီး) ပျောက်ဆုံးနေတာ ၁ လ ပြည့်တော့မယ့် အချိန်မှာ သူ့မိသားစုက ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး လူသိရှင်ကြားဖြစ်အောင် ပြောဆိုပါတော့မယ်။

အောက်တိုဘာ ၂၁ နေ့လယ် ၁၂ နာရီမှာ ပြုလုပ်မယ့် အဲဒီရှင်းလင်းပွဲက မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက်မှာဖြစ်ပါတယ်။

အစိုးရတပ်နဲ့ DKBA တိုက်ပွဲအကြောင်း သတင်းယူပြီးအပြန်  စက်တင်ဘာ ၂၉ ရက်နေ့က ကျိုက်မရောမြို့ နယ် ရန်မျိုးအောင် ရပ်ကွက်မှာ အဖမ်းခံရတယ်လို့   ကရင်အမျိုးသား (မီဒီယာ) ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးထားပါတယ်။

မိသားစုက ရဲစခန်း၊ စစ်တပ်တို့ကို သွားရောက်စုံစမ်းသလား၊ ဘယ်လို တုန့်ပြန်သလဲ၊ ဘယ်လိုသတင်းကြားသလဲ ဆိုတာတွေကို မနက်ဖြန် ရှင်းလင်းဖွယ်ရှိပါတယ်။

သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးလူငယ်အဖွဲ့သုံးရောင်ခြယ် မှာလည်း တာဝန်ယူခဲ့ဖူးသူလို့ သိရပါတယ်။

အပေါ်ပုံမှာတော့ သူ့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဘက်ဘေးမှာ တွေ့ရပါမယ်။




.

No comments:

Post a Comment