Pages

Tuesday, October 21, 2014

အင်ဒိုနီးရှားမှာ သမ္မတသစ်ဂျိုကိုဝီ ကျမ်းသစ္စာကျိန်ဆို

အင်ဒိုနီးရှား သမ္မတအသစ် မစ္စတာ ဂျိုကိုဝီိဒိုဒိုဟာ ဂျာကာတာမြို့တော်က ပါလီမန် အဆောက်အအုံမှာ မနေ့တုန်းက ကျမ်း သစ္စာ ကျိန်ဆိုခဲ့ပါပြီ။ ဒါဟာ အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ဒီမိုကရေစီ ခြေလှမ်းသစ်တခု အဖြစ် သမိုင်းမှတ်တိုင်လည်းဖြစ်ပါတယ်။ 



ဓာတ်ပုံ- ဂျကာတာပို့စ်
  
သမ္မတ ဂျိုကိုဝီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ကကျင်းပခဲ့တဲ့ အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲကနေ အနိုင်ရလာတဲ့ ပထမဆုံး အရပ်သား သမ္မတ တဦးလည်းဖြစ်ပါတယ်။ 

“အင်ဒိုနီးရှားနိုင်ငံတော်ကို ကြီးမြတ်သောနိုင်ငံ ဖြစ်စေရေးနဲ့ ညီညွတ်စွာ လက်တွဲလုပ်ဆောင်မူဟာ အရေးကြီးပြီး သဘောထားကွဲလွဲမူများဖြစ်ပေါ်နေတဲ့ နိုင်ငံဟာ ကြီးမြတ်သော   နိုင်ငံအဖြစ် ရောက်ရှိ လာနိုင်မှာ မဟုတ် ပါဘူး” လို့ သမ္မတ ဂျိုကိုဝီက ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ 

ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ၊ သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အက်ဘော့ပ်အစရှိတဲ့ လူကြီးများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ 

ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး မှာတော့ ဂျူကိုဝီဒိုဟာ ဒုသမ္မတလောင်း ယူဆွတ်ဖ်ကယ်လာနဲ့အတူ မြင်းရထား စီးပြီး ဂျကာတာ မြို့တွင်းမှ သမ္မတ နန်းတော်ဆီကို သွားရောက် အောင်ပွဲခံခဲ့တာကို ဂျကာတာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားကို အင်ဒိုနီးရှား စစ်တပ်နဲ့အတူ ရဲတပ်ဖွဲ့ ၂သောင်းကျော်ကို လုံခြုံရေး ယူထားခဲ့တာပါ။ 

သမ္မတသစ် ဂျိုကိုဝီဟာ အောက်တိုဘလ ၂၀ ရက်နေ့ညမှာ ရော့ခ် ဂီတ ပွဲတခုကိုလည်း တက်ရောက်ခဲ့ ပါသေးတယ်။ 





အိမ့်သံစဉ် ~

  • ဆက်စပ်
Reform-Minded Outsider Widodo Takes Over as Indonesia’s President
http://www.irrawaddy.org/asia/reform-minded-outsider-widodo-takes-indonesias-president.html


















No comments:

Post a Comment