Pages

Wednesday, October 15, 2014

ကရင်အဖွဲ့များပူးပေါင်းခြင်းနဲ့ KNU ရဲ့ တုန့်ပြန်ချက်

တနင်္လာနေ့က ကရင် လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းလိုက်ပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး KNU ရဲ့ 
ကြေညာချက် က နောက်တနေ့မှာ ထွက်ပေါ်လာပါတယ်။ 


 ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း တွေ့ရသော  KNU တပ်ဖွဲ့ဝင်တို့၏ စစ်ရေးပြ အခမ်းအနားတခု  (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)

 ပူးပေါင်းလိုက်တယ်ဆိုတဲ့ အဖွဲ့ ၄ ဖွဲ့ထဲမှာ KNU ရဲ့ လက်အောက်ခံ KNLA နဲ့ KNDO တို့ ပါဝင်နေတာပါ။ 

"ပြန်လည်ပေါင်းစည်းခြင်းသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးသည့် KNLA ဒု-စစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ်တို့သည် ယင်းတို့၏ သဘောထားအမြင်အပေါ်တွင်သာ လုပ်ဆောင်ခြင်း ဖြစ်သည်" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

အထက်ရဲ့ သဘောထား၊ အောက်ခြေရဲ့ သဘောထား မပါဝင်ဘူးလို့ ဆိုလိုဟန်ရှိပါတယ်။ 

ကရင် လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းဖို့ မူဝါဒ ချထားပြီးဖြစ်တယ်၊ ပူးပေါင်းရေးကို KNLA စစ်ဦးစီးချုပ်က အကောင်အထည်ဖော်နေဆဲဖြစ်ပါတယ် တဲ့။ 

ဒီကြေညာချက်ကို KNU ကာကွယ်ရေးဌာနတာဝန်ခံ စောရောဂျာခင် လက်မှတ်နဲ့ ထုတ်ပြန်တာပါ။ 

ဒီဖြစ်ရပ်တွေဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲငယ်တွေ ရုတ်တရက် ပြန်လည်ဖြစ်ပွားချိန်မှာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။ 

ဒီသတင်းတွေ ဖတ်ရသူ အများအပြားကလည်း စိတ်ဝင်စားနေကြပါတယ်။ သို့သော်လည်း ဒီဒေသအတွင်း လက်နက်ကိုင် ကရင်အဖွဲ့ အများအပြား ရှိနေတဲ့အတွက် ဘယ်အဖွဲ့က ဘာလုပ်နေတယ်၊ ဘယ်လိုအနေ အထား ရှိတယ် ဆိုတာကို ရုတ်တရက် သိရှိဖို့ မလွယ်ပါဘူး။ 

ကရင်အဖွဲ့တွေအတွင်း ညီညွတ်ရေး ဖော်ဆောင်မှု အဆင်မပြေသေးဘူးလို့ ယူဆလို့ ရပါတယ်။ 

ဒါမှမဟုတ်... တိုက်ပွဲငယ်တွေဖြစ်လာချိန်မှာ ဒီလို ပူးပေါင်းမှုတခု ဖော်ဆောင်တဲ့နည်းနဲ့ သူတို့ရဲ့ ညီညွတ်
ရေး ကို ကြိုးစားပြီး ပြသလိုက်တာပဲလို့လည်း ယူဆနိုင်ပါတယ်။ 


စည်သူလင်း ~ 








1 comment:

  1. ကြေ်ငာမနေပါနဲ့.....နောက်ထပ်ကွဲအုံးမှာ။

    ReplyDelete