၁၈ ကြိမ်မြောက် ဟောလီးဝုဒ် ရုပ်ရှင်ဆုပေးပွဲ(Hollywood Film Awards)အခမ်းအနားကို ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိစ်( Los Angeles )မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ သောကြာနေ့ညက ကျင်းပခဲ့ပါတယ်။
Gone Girl ဇာတ်ကားဆုအတွက် သရုပ်ဆောင် Ben Affleck ဆုတက်ယူစဉ် (ဓာတ်ပုံများ- Hollywoodawards.com) |
ဒီ ဆုပေးပွဲမှာ ဇာတ်ကားဆုကို ဒါရိုက်တာ David Fincher ရဲ့ "Gone Girl" ဇာတ်ကားရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ စာရေးဆရာမ Gillian Schieber Flynn ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Gone Girl" ဆိုတဲ့ ၀တ္တုကို ပြန်လည် ကိုးကားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။
ဒါရိုက်တာဆုကို Morten Tyldum က "The Imitation Game" ဇာတ်ကားနဲ့ ရခဲ့ပါတယ်။
အမျိုသားသရုပ်ဆောင်ဆုကို Benedict Cumberbatch က "The Imitation Game" ဇာတ်ကားနဲ့ပဲ ရရှိခဲကာ အမျိုးသမီးသရုပ်ဆောင်ဆုကို Julianne Moore က " Still Alice" ဇာတ်ကားနဲ့ ရခဲ့တာပါ။
Hollywood Comedy ဆုရ Chris Rockံ |
ဒီရုပ်ရှင်ဆုပေးပွဲကို ၁၉၉၇ ခုနှစ်က စတင် ကျင်းပလာခဲ့တာ အခုဆိုရင် ၁၇ နှစ်တိုင်ခဲ့ပါပြီ။ ဒီ ဆုပေးပွဲရဲ့ပထမဆုံးအကြိမ် အခမ်းအနားကိုတော့ လော့အိန်ဂျယ်လိစ်မြို့မှာရှိတဲ့ ဟောလီးဝုဒ်ရဲ့ သမိုင်းဝင် ဟိုတယ်တခုဖြစ်တဲ့ Hollywood Roosevelt Hotel မှာ ကျင်းပခဲ့ပါတယ်။ “
Hollywood Screenwriter ဆုကို Gone Girl ၀တ္တုရေးခဲ့တဲ့ စာရေးဆရာမ Gillian Schieber Flynn ရရှိခဲ့သည်။ |
No comments:
Post a Comment