ပြန်လည်ဆောက်ဖို့အတွက် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင် ဖြိုဖျက်နေပြီဖြစ်ပါတယ်။
စတင်ဖြိုဖျက်နေတဲ့ NLD ပါတီရုံးချုပ်၊ ဓာတ်ပုံ- ဦးကြည်တိုး ( NLD ပြန်ကြားရေး) ရဲ့ ဖေစ့်ဘုတ်
၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ NLD ပါတီရုံးချုပ်အဖြစ် အခက်အခဲများစွာကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့တဲ့ ပါတီဝင်တွေရဲ့ အဓိက စုရပ်ဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ အကြီးဆုံး အတိုက်အခံ နိုင်ငံရေး ပါတီရုံးချုပ်ရဲ့ မြေနေရာနဲ့အကျယ်အ၀န်းဟာ လက်ရှိ အခါမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် အဆောက်အအုံကို အသစ်ပြန်လည် တည်ဆောက်ဖို့ အခုလို ဖြိုဖျက်နေတာဖြစ်တယ်လို့ NLD အသိုင်းအ၀ိုင်းက ပြောပါတယ်။
အဆောက်အအုံသစ်ကို ဘယ်လိုပုံစံ၊ ဘယ်လောက် အကုန်အကျခံ တည်ဆောက်မယ်ဆိုတာတော့ အတိ အကျ မသိရသေးပါဘူး။
မူလက ပါတီရုံးချုပ် မြေနေရာနဲ့ အဆောက်အဦးကို ပိုင်ရှင်က ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွက် ငှားရမ်း ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး နောက်ပိုင်းမှာ NLD ပါတီက ၀ယ်ယူလိုက် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကာလများနဲ့ ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံရစဉ်က ပါတီရုံးချုပ်နေရာမှာ ကျန်ရှိနေကြတဲ့ပါတီဝင်တွေနဲ့ပါတီခေါင်းဆောင်တွေက ဆက်လက်ထိန်းသိမ်းစောင့်
ရှောက်ခဲ့ကြတာပါ။
စစ်အစိုးရလက်ထက်က ပါတီရုံးချုပ် မျက်နှာချင်းဆိုင်မှာ စစ်ထောက်လှမ်းရေးတွေနဲ့ SB အထူးရဲ တပ်ဖွဲ့ဝင်တွေ ခြေရှုပ်ခဲ့ပြီး အစဉ်အမြဲ ပါတီရုံးချုပ်ကို လာရောက် ၀င်ထွက်သွားလာသူတိုင်းကို မှတ်တမ်း ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးတာတွေလည်း ရှိခဲ့ပါတယ်။
အိမ့်သံစဉ် ~
No comments:
Post a Comment