Pages

Wednesday, December 24, 2014

ထောင်အရာရှိနဲ့ အကျဉ်းသားရဲ့ ချစ်ဇာတ်လမ်း


အချစ်ဟာ မျက်စေ့မရှိဘူးဆိုတာ သက်သေပြတဲ့ စိတ်ဝင်စားစရာ သတင်းတပုဒ်ပါဘဲ။ 

အကျဉ်းထောင် ဝန်ထမ်းမိသားစုက ဆင်းသက်လာတဲ့ ဆင်ဒီ ဘိတ်ကာ ဆိုတဲ့ ထောင်အရာရှိ အမျိုးသမီး တဦးဟာ အကျဉ်းသား အမျိုးသား ၂ ဦးနဲ့ အနီးကပ် ဆက်ဆံရေး ရြှိ့ပီး အပြန်အလှန် စာတွေ ရေးခဲ့ကြတာ ဟာ အပြစ်ရှိတယ်လို့ လန်ဒန် အရှေ့တောင်ပိုင်းက Guildford Crown Court မှာ တရားသူကြီးက ဆုံးဖြတ်လိုက်ပါတယ်တဲ့။ 

ဓာတ်ပုံ - mirror.com

ပြစ်မှုကျူးလွန်ခဲ့သူ အကျဉ်းသား အမျိုးသား ၂ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် အကျဉ်းထောင်အရာရှိ ဆင်ဒီ ဘိတ်ကာ တို့ကြား ပုံမှန်မဟုတ်တဲံ ဆက်ဆံရေးရှိခဲ့တာတွေဟာ ဥပဒေအရ အပြစ်ရှိတာပါတဲ့။ 

ဆင်ဒီရဲ့ အိပ်ခန်းထဲ ရှာဖွေခဲ့စဉ်မှာ လူသတ်မှုနဲ့ ၂၀၀၉ ခုနှစ်က ထောင်တသက်ကျခံနေခဲ့ရသူ အမျိုးသား တဦးနဲ့ ဆင်ဒီ တို့ကြား ဆက်သွယ်ရေးသားထားတဲ့ စာတွေ တော်တော်များများကိုလည်း သိမ်းမိခဲ့တာပါ။ 

စာတွေထဲမှာ လိင်ဆက်ဆံမှု ကိစ္စတွေ အချစ် အလွမ်း ကိစ္စတွေလည်း ပါဝင်တယ်လို့ The Mirror သတင်း က ရေးပါတယ်။

အဲဒီစာတွေကြောင့်ပဲ ဌာနတွင်း စုံစမ်းစစ်ဆေးရေးကို ဆင်ဒီဘိတ်ကာ ရင်ဆိုင်ခဲ့ရတာပါ။ 

ဒီအပြင် ဆင်ဒီဘိတ်ကာဟာ လက်နက်ကိုင်ဆောင်မှုနဲ့ ထောင် ၅ နှစ်ကျခံနေခဲ့ရတဲ့ အကျဉ်းသား အမျိုးသားတဦးနဲ့လည်း ချစ်မှုရေးရာ အဆက်အဆံ ရှိခဲ့တယ်လို့ ထုတ်ပြောဆိုခဲ့ပါတယ်တဲ့။  

ဒါပေမယ့် ဆင်ဒီက ပြောတာမှာတော့ လူချင်း ထိတွေ့ဆက်ဆံမှု ဘယ်တုန်းကမှ မရှိခဲ့ပါဘူးလို့ ဆိုထားပါ တယ်။ 

တရားသူကြီးရဲ့ ကြားနာမှုမှာလည်း ဆင်ဒီဘိတ်ကာဟာ လက်ရှိ ချစ်သူ အမျိုးသား ရှိနေခဲ့တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်တဲ့။ 

အခုဖြစ်ရပ်တွေကြောင့် ဆင်ဒီရဲ့ သူငယ်ချင်းတွေနဲ့ တချို့တွေကတော့ သူဟာ အတော်ရူးသွပ်နေတယ်၊ သာမန်ထက်ပိုလွန်းတယ်၊ စိတ်ကူးယဉ် ဆန်လွန်းတယ် ဆိုတဲ့ ဝေဖန်မှုတွေရင်ဆိုင်နေရတယ်လို့ သတင်း က ဆိုပါတယ်။ 

 မြန်မာ စာပေထဲမှာလည်း ခိုးသားနဲ့ ဘုရင့်သမီးတော် ဇာတ်လမ်းဆိုတာ ရှိခဲ့ဖူးတာကြောင့် အကျဉ်းထောင် အမျိုးသမီး အရာရှိ ဆင်ဒီဘိတ်ကာနဲ့ အကျဉ်းသားတို့ရဲ့ အချစ်ဇာတ်လမ်းဟာ ခေတ်သစ်မှာလည်း ရှိနေဆဲ ဆိုတာပါဘဲ။ 


အိမ့်သံစဉ် ~ 


ကိုးကားသတင်း။  ။ http://www.mirror.co.uk/news/uk-news/female-prison-officer-who-exchanged-4866709?ICID=FB_mirror_main







No comments:

Post a Comment