Pages

Saturday, December 20, 2014

ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းတွေ ခံစားရမယ့် "အနက်ရောင် ဒိုင်ယာရီ"





 ကိုယ်ပိုင်သံစဉ်တေးသီချင်း ဖန်တီးသီဆိုမှု ရှားပါးနေတဲ့ ဒီကနေ့ ဂီတလောကကြီးမှာ ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းတွေကို ဖန်တီး သီဆိုပြီး တေးစီးရီးထွက်ရှိလာတာ ရော့ခ်ဂီတလောကအတွက် ၀မ်းသာစရာလို့ ဆိုရမလိုပါပဲ။

အဲ့ဒီလို မြန်မာရော့ခ်ဂီတလောကထဲကို ကိုယ်ပိုင်သံစဉ်ရော့ခ်သီချင်းတွေနဲ့ “အနက်ရောင် ဒိုင်ယာရီ” လို့ဆိုတဲ့ တေးစီးရီးအား ဖန်းတီးသီဆိုထုတ်လုပ်လာခဲ့တဲ့ အဆိုတော်ကတော့ ဇော်ထွဋ်ပါ။

ဒီတေးစီးရီးကို ဒီဇင်ဘာ ၁၄ ရက်နေ့က The Sun တေးထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ချီထားပါတယ်။

“ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းတွေကို လွန်ခဲ့တဲ့ (၁၀) နှစ်  လောက်ကတည်းက အချိန်ယူပြီး  ရေးစပ်နေတာပါ။ အမြင့်သံတွေ ဆိုဖို့ပဲ စိတ်အားထက်သန်တယ်။ Steven Tyler, Ozzy Osbourne, Axl Rose, James Hetfield နဲ့ Sebastian Bach တို့က ကျနော် အကြိုက်ဆုံး အဆိုတော်တွေပါပဲ။ ” လို့ အဆိုတော် ဇော်ထွဋ် က ပြောပါတယ်။




“အနက်ရောင် ဒိုင်ယာရီ” တေးစီးရီးမှာ ဂစ်တာအနေနဲ့ ကိုညီညီထွေး၊ ဒရမ်ကိုတော့ စစ်နိုင်ဦးနဲ့ ဘေ့စ်ဂီတာ ကိုတော့ ကိုမြတ်မိုးတို့က တီးခတ်ပေးထားတာပါ။

အဆိုတော်ဇော်ထွဋ်ဟာ  တေးသံရှင် မျိုးကြီးရဲ့ “ဆန့်ကျင်ဘက်” တေးစီးရီးမှာ "အမုန်းရဲ့ ကျေးကျွန်"ဆိုတဲ့ ကော်ပီသီချင်းကို ရေးစပ်ပေးခဲ့ဖူးတယ်လို့လည်း သိရပါတယ်။




No comments:

Post a Comment