Pages

Tuesday, December 9, 2014

ကလေးထိန်း အမျိုးသမီးတဦးနဲ့ သင်ခန်းစာ


ယူဂန်ဒါ နိုင်ငံမှာ ကလေးထိန်း အိမ်ဖော် အမျိုးသမီးတဦးက ၁၈ လ အရွယ် ကလေးငယ် အပေါ် လူ မဆန် စွာ နှိပ်စက်နေတဲ့ဗီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ လပိုင်းက အင်တာနက်ပေါ်မှာ ပျံ နှံ့ခဲ့ပြီးနောက် အခုဆိုရင် အဲဒီ အိမ်ဖော် ကလေးထိန်းအမျိုးသမီးဟာ ထောင်ဒဏ် ၁၅ နှစ် သို့မဟုတ် ငွေဒဏ် စတာလင်ပေါင် ၂၆၀ သို့မဟုတ် ငွေဒဏ်နဲ့ ထောင်ဒဏ် ၂ ရပ်ပေါင်းနဲ့ ရင်ဆိုင်ဖို့ ရှိနေပါတယ်။ 






ကလေး မိဘတွေက ကလေးလုံခြုံရေးအတွက် နေအိမ်မှာ CCTV ကင်မရာကို တပ်ဆင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကင်မရာ မှတ်တမ်းဟာ အွန်းလိုင်းမှာပျံ့နှံသွားခဲ့တာဖြစ်ပါတယ်။ 

အသက် ၂၂ နှစ်အရွယ် ကလေးထိန်း အမျိုးသမီးဟာ ကလေးကို အစာကျွေးတဲ့အခါလည်း ကန်ကျောက်နှိပ် စက်လို့ ကလေးက အန်တောင် ထွက်တယ်လို့ သတင်းမှာရေးသားထားပါတယ်။ 

 ဒီအဖြစ်အပျက်ကို ကင်မရာမှတ်တမ်းကတဆင့် မိဘတွေက သိပြီးအတော်ပဲ ခံစားခဲ့ကြရတယ်လို့ သိရပါ တယ်။ 

ကလေးမိဘတွေက ကလေးကို ဆေးရုံပို့ ဆေးစစ်ချက်တွေလုပ်တဲ့အခါမှာတော့ ကံကောင်းစွာပဲ ကလေးက ဘာမှမဖြစ်ဘူးလို့ သိရပါတယ်။ 

 ပြီးခဲ့တဲ့ ရက်ပိုင်းက တရားရုံး ရုံးချိန်းမှာ ကလေးထိန်း အမျိုးသမီးက “Sorry ပါ” လို့ ပြောလိုက်တဲ့အချိန်မှာ ကလေး ဖခင်ဖြစ်သူက အရုပ်ကြိုးပြတ်လဲ ကျသွားခဲ့တယ်လို့ သတင်းမှာတွေ့ရပါတယ်။ 

မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့ ရုံးချိန်းမှာတော့ အရွယ်မရောက်သေးသူ ကလေးငယ်ကို နှိပ်စက်မှု အတွက် အမိန့်ချဖို့ ရှိတာကြောင့် ကလေးထိန်းအမျိုးသမီးဟာ ထောင်ဒဏ် ၁၅ နှစ် သို့မဟုတ် ငွေဒဏ် စတာလင်ပေါင် ၂၆၀ သို့မဟုတ် ထောင်ဒဏ်ရော၊ ငွေဒဏ်ရော ၂ ခုလုံးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ The Mirror သတင်းမှာရေးထားပါတယ်။ 

ကလေးထိန်း အမျိုးသမီးရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး သင်ခန်းစာယူနိုင်ဖို့အတွက် ဗီဒီယို ဖိုင်ကိုပါတင်ပြပေး လိုက်ပါတယ်။ 

မူရင်း သတင်းလင့်ခ် ~

 http://www.mirror.co.uk/news/world-news/nanny-filmed-beating-kicking-18-month-old-4767519


အိမ့်သံစဉ် ~ 




No comments:

Post a Comment