Pages

Saturday, December 27, 2014

ဒေါသသင့်ခြင်းနဲ့ အသက်တချောင်း


ရန်ကုန်ရဲ့ ခရစ်စမတ်နေ့ နံနက်စောစောမှာ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်က သရုပ်ဆောင် မင်းအုပ်စိုးရဲ့ ထိုးကြိတ်မှုနဲ့  သရပါ မဂ္ဂဇင်း အယ်ဒီတာ တေးနုယဉ် ခေါ် မနုနုရင်တယောက် အသက်ဆုံးသွားခဲ့ရပြီ။ 

 ဓာတ်ပုံ- တေးနုယဉ်ရဲ့ ဖေ့စ်ဘုတ်မှတ်တမ်း တခု 

သရပါ မဂ္ဂဇင်းထုတ်ဝေနေသူ သရုပ်ဆောင် မင်းအုပ်စိုးလည်း ရဲစခန်းကို ကိုယ်တိုင် သွားရောက် အဖမ်းခံ ခဲ့ပြီး အခုဆို သက်ဆိုင်ရာ ရဲစခန်းက လူသတ်မှုနဲ့ အမှုဖွင့် အရေးယူခံထားရတယ်။ 

တေးနုယဉ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း သူ့ကို ချစ်ခင်သူ၊ သူ့မိတ်ဆွေတွေက မယုံနိုင်လောက်အောင် 
ဖြစ်နေကြ တာတွေကို ၀မ်းနည်းစကားတွေ ရေးထားကြတယ်။ 

အခုလို အဖြစ်ဆိုးနဲ့ သေဆုံးမယ်လို့ တေးနုယဉ်ရဲ့ မိတ်ဆွေတွေ က မျှော်လင့်မထားခဲ့တာ အထင်အရှား ပါ။ 

သရုပ်ဆောင် မင်းအုပ်စိုးနဲ့ သေဆုံးသွားရသူ တေးနုယဉ်တို့ ၂ ဦးလုံးကို သိထားသူ မဂျူလိုင်မိုးဆိုသူက လည်း အဖြစ် မှန် ဆိုပြီး ရေးသားထားတာ စိတ်ဝင်စားစရာပါ။ 

သူကတော့ အခုလို အဖြစ်ဆိုးရဲ့ တရားခံကို ဒေါသလို့ ရေးသားထားတယ်။ 

မဂျူလိုင်မိုးရဲ့ အဆိုအရ မင်းအုပ်စိုးဟာ သေဆုံးသ တေးနုယဉ်အပါအ၀င် သူ့ဝန်ထမ်းတွေအပေါ် တကယ့်
aဆွမျိုး ရင်း ချာလို ဆက်ဆံပါတယ်တဲ့။ 

ဒါပေမယ့် မင်းအုပ်စိုးရဲ့ အားနည်းချက်က ဒေါသထွက်ရင် ဘာမှ မမြင်တော့တာပါဘဲလို့ ဆိုတယ်။ 

“အခု ပြဿနာ အရင်းကို ကျမ မသိပေးပေမယ့် ဒေါသကြောင့် သူချစ်တဲ့၊ သူ့ကို ချစ်တဲ့ အညွှန့်တလူလူနဲ့ လူငယ်လေး တယောက် ဆုံးရှုံးသွားခဲ့ပါပြီး လက်လွန်သွားပြီလို့ သူ သိလိုက်ချိန်မှာ သူ အရမ်းနောင်တရ ၀မ်းနည်းကြေကွဲနေ ပေ မယ့် ဘယ်လို့ မှ ပြင်လို့မရတော့ပါဘူး”လို့ မဂျူလိုင်မိုးက ရေးထားပါတယ်။ 

မဂျူလိုင်မိုးကတော့ သရုပ်ဆောင် မင်းအုပ်စိုးအပေါ်ရော ကွယ်လွန်သူ ယောနု ခေါ် တေးနုယဉ် ခေါ် နုနုရင် အပေါ် မှာပါ အဖြစ်မှန်မမြင်ပဲ တလွဲတွေ မြင်မှာစိုးလို့ အမုန်းခံပြီး ရေးသားထားတာလို့ ဆိုပါတယ်။ 

လူတယောက်ရဲ့ ဒေါသသင့်ခြင်းဟာ တခြား လူတယောက်ရဲ့ ဘဝ အသက်ဆုံးရှုံးခြင်းနဲ့ အဆုံးသတ်သွားရ သလို သူ့ဒေါသနဲ့ ထိုက်တံတဲ့ ပြစ်မှုတွေလည်း ခံစားရတော့မှာပါ။



အိမ့်သံစဉ် ~





No comments:

Post a Comment