Pages

Thursday, December 11, 2014

နိုဗဲလ်ငြိမ်းချမ်းရေးဆု မာလာလာ လက်ခံယူ


နော်ဝေးနိုင်ငံ အိုစလိုမြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က နိုဗဲလ် ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့တယ်။

 ဓာတ်ပုံ-NRK

 အခုနှစ် အတွက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေဖြစ်ကြတဲ့ အမျိုးသမီးများ ပညာသင်ကြားရေး လူ့အခွင့် အရေး လှုပ်ရှားသူ ပါကစ္စတန်နိုင်ငံက ဆယ်ကျော်သက် မိန်းကလေး မာလာလာနဲ့ ကလေး အခွင့်အရေး လှုပ်ရှားသူ ကိုင်လပ်ခ်ျ ဆတ်ရာသိတို့က ပူးတွဲဆုတွေ ကို လက်ခံခဲ့တာပါ။

မာလာလာက သူ့ရဲ့ နိုဗဲလ်ဆု လက်ခံတဲ့ အခမ်းအနား မိန့်ခွန်းမှာ သူသာ ပါကစ္စတန် ဝန်ကြီးချုပ်ဖြစ် ခဲ့မယ်ဆိုရင် ပါကစ္စတန်မှာ ပိုပြီးတိုးတက်တဲ့ ပညာသင်ကြားရေး ကိစ္စတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဆောင်မှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ 

သူ့ဘဝမှာ လေးစားအားကျသူတဦးထဲက တယောက်ဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း မစ္စ ဘနစ်ဇာဘူတို ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ မာလာလာကိုယ်တိုင်လည်း အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေး လှုံ့ဆော်ကြိုးပမ်းမှုကြောင့် တာလီဘန် အစွန်းရောက် တွက ပစ်မှတ်ထားလုပ်ကြံခဲ့လို့ ဦးခေါင်းဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့ရသူပါ။ 

ပါကစ္စတန်နိုင်ငံမှာ နေဖို့ လုံခြုံရေးအခက်အခက်ရှိတာကြောင့် လတ်တလော ဗြိတိန်နိုင်ငံမှာနေထိုင်နေတဲ့ အခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာဟာ အသက်အငယ်ဆုံး နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 









No comments:

Post a Comment