Pages

Friday, January 2, 2015

ပျက်ကျ အဲအေးရှားလေယာဉ်ရဲ့ Black Box ကို ရှာဖွေဆဲ


အင်ဒိုနီးရှားနိုင်ငံက စင်ကာပူနိုင်ငံကို ပျံသန်းလာရင်း ပင်လယ်ထဲ ပျက်သွားတဲ့ အဲအေးရှား လေယာဉ် QZ 8501 ရဲ့ မှတ်တမ်းတွေကို သိနိုင်ဖို့ Black Box ကိုတော့ နိုင်ငံစုံ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ သင်္ဘော ၂၉ စီး၊ လေယာဉ် ၁၇ စီးတို့နဲ့ ယနေ့ ၆ ရက်မြောက်နေ့ထိ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါ တယ်။ 

 ဓာတ်ပုံများ၊ Live Blog: Air Asia flight QZ8501/ CNA

Black Box ကို ရရှိပြီးမှသာ လေယာဉ်ဟာ ဘယ်လို ဖြစ်ပျက်ခဲ့တယ်ဆိုတာ သိနိုင်မှာဖြစ်တယ်လို့ ဆိုပါ တယ်။ အခုထိတော့ လေယာဉ်နဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာတွေကို  ခန့်မှန်းပြောဆိုသုံးသပ်တာတွေပဲ  
ဖြစ်နေမှာပါ။

လေယာဉ်ရဲ့ အပျက်အစီးအပိုင်းအစတွေကို ဆယ်ယူနေရာမှာ တချို့ကို သတင်းစာရှင်းလင်းပွဲမှာလည်း 
ပြသထားပါတယ်။ 

ဒီကနေ့ ထပ်မံ ထုတ်ပြန်ထားတဲ့ သတင်းအရ စုစုပေါင်း အလောင်း ၁၆ လောင်းကို တွေ့ထားတဲ့အနက် ၁ဝ လောင်းကိုတော့ ကုန်းပေါ်ကို အရောက်ပို့နိုင်ခဲ့ပြီး ဒီထက်လည်း ပိုပြီး အလောင်းတွေထပ်တွေ့ရနိုင် တယ်လို့ စင်ကာပူအခြေစိုက် Chanel News Asia – C.N.A သတင်းအရ သိရပါတယ်။ 

အလောင်းဆယ်ယူရေးမှာ ရာသီဥတု အခက်အခဲရှိနေပြီး လှိုင်းတွေက ၂ မီတာ ခွဲက ၃ မီတာလောက်ဖြစ်
နေချိန် တွေ့ကြုံရတယ်လို့ ဆိုပါတယ်။ 

မူခင်း အဖွဲ့တခုအဆိုအရ အလောင်းတွေထဲက တခုဟာ DNA စစ်ဆေးပြီး ဘယ်သူဘယ်ဝါ ဖြစ်တယ်ပြော
နိုင်ဖို့ အခက်တွေ့နေရတယ်လို့ အဲဒီ့ သတင်းမှာ ဆိုပါတယ်။ 

လေယာဉ်ပျက်က ပစ္စည်းတွေနဲ့ အလောင်းတွေကို သင်္ဘောတွေပေါ်ကတဆင့် ရဟတ်ယာဉ်တွေနဲ့ အင်ဒိုနီးရှား နိုင်ငံပိုင် လေယာဉ်ပျက်ကျရာအနီး ပန်ကလန်ဘန်း ကျွန်းပေါ်ကို အခေါက်ခေါက်အခါခါ သယ်ယူနေကြတာလို့လည်း သိရပါတယ်။ 









အိမ့်သံစဉ် ~ 



 ကိုးကားသတင်း။    ။ http://www.channelnewsasia.com/news/singapore/live-blog-airasia-flight/1563004.html




No comments:

Post a Comment