Pages

Tuesday, January 6, 2015

လေယာဉ်မှူးကြီးအဖြစ်တွေ့ရတဲ့ ကင်ဂျုံအန်


လေယာဉ်စီးရမှာ အလွန်ကြောက်တတ်တဲ့ ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးရဲ့ သား လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တယောက် အရှိန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေတဲ့ ၀ါဒဖြန့် ချိရေး အသစ်တခုမှာ တွေ့လာရပါတယ်။ 


လေယာဉ်မောင်းနေတဲ့ မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံအန်၊ ဓာတ်ပုံ- TIME

ကင်ဂျုံအန်တယောက် လေယာဉ်မောင်းနေတဲ့ ဗွီဒီယိုကလစ် တခုကို ပြီးခဲ့တဲ့ နှစ်သစ်ကူးညပိုင်းမှာ အင်တာ နက် ယူကျူ ပေါ်မှာ တွေ့ရပါတယ်။ 

ဘေးမှာ တွဲဖက်လေယာဉ်မှူးတဦးနဲ့အတူ ကင်ဂျုံအန်လည်း လေယာဉ်ကို ကိုယ်တိုင် ၀င်ရောက်မောင်းနှင် တာ ဖြစ်ပြီး ပြေးလမ်းက လေယာဉ်တက်တာ၊ ဝေဟင်ထဲ ပျံဝဲတာတွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖြစ်ပါ တယ်။ 

ကင်ဂျုံအန်ရဲ့ ဖခင် ကင်ဂျုံအီကတော့ လေယာဉ်စီးရမှာ အရမ်း ကြောက်တတ်လွန်းလို့ ခရီးထွက်တဲ့အခါ ရထားနဲ့ပဲ သွားလေ့ရှိပါတယ်။ 

အခု ထူးခြားတာက  လေယာဉ်မှူးကြီးတဖြစ်လဲ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ နှစ်သစ်ကူး မိန့်ခွန်းမှာ တောင် ကိုရီးယားနဲ့ စေ့စပ်ရေး ဆွေးနွေးပွဲကိုလည်း ဖွင့်လှစ်လိုက်ပြီလို့ ပြောဆိုတဲ့ အချိန်မှာ သူ့ ရဲ့ ဗွီဒီယိုက အွန်လိုင်းပေါ် ရောက်နေပြီး ဖြစ်တယ်လို့ Time မဂ္ဂဇင်းသတင်းတပုဒ်မှာ ရေးသားထားပါတယ်။ 


ကိုးရီးယား ကျွန်းဆွယ်စစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၉၅၃ ခုနှစ်နောက်ပိုင်း ၂ နိုင်ငံ ဆက်ဆံရေးဟာ တင်းမာအေး စက်ခဲ့ကြတာ ပါ။ 

ယူကျုမှာပေါ်ထွက်လာတဲ့ ကင်ဂျုံအန် လေယာဉ်မောင်းတဲ့ ဗွီဒီယိုကို ဧရာဝတီဘလော့ဂ် ပရိသတ်တွေ ကြည့်နိုင်ဖို့လည်း တွဲဖက် တင်ပြထားပါတယ်။ 


အိမ့်သံစဉ် ~ 







No comments:

Post a Comment