Pages

Monday, March 30, 2015

Ms. Yanghee Lee ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ဆက်လက်ထမ်းဆောင်မည်


Ms.Yanghee Lee (photo-burmapartnership.com)

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောာင်ရန် Ms. Yanghee  Lee ကို သက်တမ်း ၁ နှစ် ထပ်တိုးလိုက်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ လူ့အခွင့်အရေး ကောင်စီအစည်းအဝေးမှာ ထောက်ခံမဲ ၂၀ မဲ၊ ကန့်ကွက်မဲ ၁၁ မဲနဲ့ အတည်ပြုခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Ms. Yanghee Lee တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ အပေါ် မြန်မာအစိုးရက လွတ်လပ်တဲ့ အစီရင်ခံစာ မဟုတ်ဘဲ အဖွဲ့အစည်း တခုခုရဲ့လွှမ်းမိုးမှုနဲ့ ရေးသားထားတယ်လို့ အကြောင်းပြကာ ကန့်ကွက်ထားပါတယ်။ Ms. Yanghee Lee ဟာ လာမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလ အစီအစဉ်များ၊ လူ့အခွင့်အရေး အခြေအနေများနဲ့ ပတ်သက်လို့ အစီရင်ခံစားများ ဆက်လက်တင်သွင်းရမှာဖြစ်ပါတယ်။

No comments:

Post a Comment