Pages

Monday, March 9, 2015

အန်နီမေးရှင်းရုပ်ရှင် Toy Story ရဲ့စတုတ္ထမြောက်ကားကို အချစ်ဟာသနှောပြီးတင်ဆက်မည်


photo - daily mail.com

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာတော့ နံမည်ကြီး အန်နီမေးရှင်းရုပ်ရှင်ဖြစ်တဲ့ Toy Story ရဲ့ စတုတ္ထမြောက် ဇာတ်ကားအကြောင်းကို အသိပေးကြေငြာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ စတုတ္ထမြောက်ဇာတ်လမ်းဟာ အရင်ကပြသခဲ့တဲ့ ဇာတ်ကားသုံးကားရဲ့ အဆက်ဖြစ်မှာမဟုတ်တော့မယ့် အကြောင်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပစ်ဇာ ရုပ်ရှင်ထုတ်လုပ်ရေး စတူဒီယိုရဲ့ ဥက္ကဌဖြစ်သူ ဂျင်မောရစ်ကတော့ လာမယ့် စတုတ္ထမြောက် ဇာတ်ကားဟာ အချစ်ဇာတ်လမ်းဖြစ်မှာဖြစ်ပြီး ကလေးတွေနဲ့ အရုပ်တွေကြားက သံယောဇဉ်တွေအကြောင်း ရိုက်ပြထားတာမျိုးတော့ မဟုတ်တော့ပါဘူးလို့ ဆိုထားပါတယ်။ လာမယ့် ဇာတ်ကားဟာ ပစ်ဇာရဲ့ ဖန်တီးမှု ဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်သူ ဂျွန်လက်စက်တာရဲ့ စိတ်ကူးတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး အဲဒီဇာတ်ကားကို သူကိုယ်တိုင်ရိုက်ကူးမှာဖြစ်သလို ပြီးခဲ့တဲ့ တတိယမြောက်ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းလည်း မဟုတ်တော့ပါဘူးလို့လည်း ဂျင်က ပြောဆိုထားပါသေးတယ်။





အစ ပထမကတော့ Toy Story ရဲ့တတိယမြောက်ဇာတ်ကားကို မရိုက်ကူးဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ဂျွန်၊ အင်ဒရူး စတန်တန်၊ ပိပ် ဒေါ့တာနဲ့ လီးအန်ကရစ်တို့နဲ့ တိုင်ပင်ဆွေးနွေးအပြီးမှာတော့ တတိယမြောက် ဇာတ်ကားအတွက် အကြံသစ်တွေရရှိလာခဲ့ပါတယ်။ အဲဒီတတိယမြောက်ဇာတ်ကားဟာလည်း ဇာတ်ကားကောင်းတစ်ခုဖြစ်ခဲ့ပြီး Toy Story ရဲ့ သုံးကားတွဲ ဇာတ်လမ်းလေးကို လှလှပပ အဆုံးသတ် စေခဲ့ပါတယ်။ အခုလာမယ့် စတုတ္ထမြောက်ဇာတ်ကားကတော့ ပြီးခဲ့တဲ့ သုံးကားတွဲ ဇာတ်လမ်းတွေနဲ့ မဆိုင်တော့တဲ့ သီးသန့်ဇာတ်လမ်းပဲ ဖြစ်တော့မှာပါ။

Toy Story ရဲ့ စတုတ္ထမြောက်ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ရေးသားမယ့်သူကတော့ အမေရိကန် အချစ်ဟာသဇာတ်ကား တစ်ကားဖြစ်တဲ့ Celeste & Jesse Forever ဇာတ်ကားရဲ့ ဇာတ်ညွှန်းဆရာများဖြစ်တဲ့ ရာရှိဒါ ဂျုံးစ်နဲ့ ၀ယ်လ် မက်ကော်မတ်တို့ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ (၂၀၁၇) ဇွန်လ (၁၆)ရက်နေ့မှာ စတင်ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

 

လုဒိ


ကိုးကားသတင်း ။ ။ http://www.dailymail.co.uk/tvshowbiz/article-2983260/Pixar-President-Jim-Morris-reveals-Toy-Story-4-romantic-comedy-not-continuation-Toy-Story-3.html


No comments:

Post a Comment