Pages

Thursday, April 30, 2015

မကောင်းဆိုးဝါးတွေကို ဖယ်ရှားမယ့် ကမ္ဘာ့အကြီးဆုံးဓား


photo - bangkok post.com

ထိုင်းနိုင်ငံ နခွန်ဆ၀မ်ခရိုင်ရှိ ဗုဒ္ဓဘုရားကျောင်းတခုမှာ ကမ္ဘာ့အကြီးဆုံး ဓားကြီးတခုကို ပြုလုပ် ထားရှိခဲ့ပါတယ်။

အရှည် ၉ မီတာ အကျယ် ၈၃ စင်တင်မီတာ ရှိကာ အလေးချိန် ၃ တန်ကျော်ရှိတဲ့ အဲ့ဒီဓားကြီးကို ထိုင်းဘတ်ငွေ ၃ သိန်း အကုန်အကျခံပြုလုပ်ခဲ့တာပါ။


ဒီဓားကြီးကို စတီးလ်နှင့် နှစ်ပေါင်းရာနဲ့ချီကြာမြင့်နေတဲ့ သစ်မာတမျိုးနဲ့ပေါင်းစပ် ပြုလုပ်ထားတာပါ။

နခွန်ဆ၀မ်ခရိုင်ရှိ Sri Uthumporn ဆိုတဲ့ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်ကြီး တပါးက ဒီဓားကို အန္တရာယ်ကင်းစေဖို့ မကောင်းဆိုးဝါးရန်မှ ကင်းဝေးစေဖို့အတွက် ပြုလုပ်ခဲ့ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။



 “ကံကောင်းချင်တဲ့သူတွေ ယတြာအနေနဲ့ ဒီဓားကြီးအောက်ကနေ ဖြတ်လျှောက်နိုင်တယ်” လို့ အဲ့ဒီ ဘုန်းတော်ကြီးက ပြောပါတယ်။






ကိုးကားသတင်း။  ။ http://www.bangkokpost.com/photo/photo/545623/carving-out-evil

No comments:

Post a Comment