Pages

Friday, May 1, 2015

နီပေါမြေငလျင်ဘေးကို ပါကစ္စတန်မှ လှူ ဒါန်းမှုထဲမှာ အမဲသားမဆလာဟင်းထုပ်တွေ ပါဝင်နေ


photo - dailymail.com

ဧပြီလ ၂၅ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မြေငလျင်ကြောင့် လူပေါင်းများစွာ သေကြေပျက်စီးမှုနှင့် ကြုံတွေ့နေရတဲ့ နီပေါနိုင်ငံဟာ ပါကစ္စတန်မှ ကူညီပေးတဲ့ ပစ္စည်းတွေထဲက အမဲသားမဆလာ ဟင်းထုပ်တွေတွေ့ ရှိရတဲ့အတွက် မနှစ်မြို့ဖွယ်ရာ အဖြစ်အပျက်နဲ့  ထပ်မံကြုံတွေ့နေရပါတယ်။

ဟိန္ဒူဘာသာကိုးကွယ်သူတွေဟာ နွားသတ္တ၀ါကို အလေးအမြတ်ထားကြပြီး တိရိစ္ဆာန်သတ်ဖြတ်ခြင်းကိုလဲ တားမြစ်ထားပါတယ်။

အိန္ဒိယလူမျိုး ဒေါက်တာ ကန်မန်ဒူရဲ့ အဆိုအရ အမဲသားမဆလာအသားထုပ်တွေဟာ ပါကစ္စတန်နိုင်ငံက ကူညီထောက်ပံ့လာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေထဲမှာ တွေ့ရှိခဲ့ပါတယ်။ အားလုံးပေါင်း ၃၄ ယောက်ပါဝင်တဲ့  ဆရာဝန်တွေအဖွဲ့ဟာ နီပေါငလျင်ဒုက္ခသည်တွေကို ကူညီဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူတို့ဟာ လေယာဉ်ကွင်းမှာ ပါကစ္စတန်က ရောက်ရှိလာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို သွားရောက်ယူတဲ့အခါ အသင့်စားသုံးနိုင်တဲ့  အစားအသောက်အထုပ်တွေဟာ အမဲသားမဆလာအထုပ်တွေကို တွေ့ရတာ ဖြစ်ပါတယ်။

အိန္ဒိယဆရာဝန်တွေဟာ ဟိုတယ်ကပေးတဲ့ အစားအသောက်တွေကို စားသောက်ပြီး ပါကစ္စတန်ကပေးပို့လာတဲ့ ပစ္စည်းတွေကို စားသောက်ခြင်း မရှိခဲ့ပါဘူး။

ဒေးလီသတင်းဌာနမှ သွားရောက်ဓါတ်ပုံရိုက်ကူးခဲ့ရာ အမဲသားမဆလာထုပ်တွေကို ပါကစ္စတန်မှ နောင်ရှရီယာခန့်က ထုတ်လုပ်ပြီး ရောင်းရန်မဟုတ်ကြောင်း ပါဝင်တဲ့ စာတွေကို တွေ့ရှိခဲ့ပါတယ်။ နီပေါထိပ်တန်းအရာရှိတွေရဲ့ အဆိုအရ အခုကိစ္စကို ၀န်ကြီးအား အသိ ပေးထားပြီး အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ကို သံတမန်နည်းအရ ဆက်သွယ်ဖြေရှင်းမယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကတော့ အခုကိစ္စကို သူလုံးဝမသိကြောင်းနဲ့  နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပံခဲ့ခြင်းမဟုတ်ပါဘူးလို့ ဆိုပါတယ်။

ယခုထောက်ပံ့ကူညီတာကို သဘာဝဘေးအန္တရာယ်များ ကူညီစောင့်ရှောက်ရေး အသင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဟိန္ဒူဘာသာကိုးကွယ်ယုံကြည်မှုအရ အမဲသားစားသုံးခြင်းဟာ ဘာသာရေး ပြစ်မှုဖြစ်ပါတယ်။ ဟိန္ဒူဘာသာကို အဓိကထား ကိုးကွယ်တဲ့ နီပေါနိုင်ငံမှာ နွားသတ်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားပြီး ပြစ်မှုကျုးလွန်သူကို သေဒဏ်နဲ့အတူ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ သိမ်းယူနိုင်တဲ့ အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

 

နေနေ


ကိုးကားသတင်း။  ။ http://www.dailymail.co.uk/indiahome/indianews/article-3061416/We-did-not-touch-Pakistani-aid-Quake-struck-Nepal-launches-inquiry-Pakistan-sends-beef-masala-country-cow-slaughter-banned.html?ito=social-facebook

2 comments:

  1. Something is wrong, Not sure who is right?
    http://pulse.com.gh/religion/in-nepal-before-the-earthquake-hinduism-devotees-killed-250-000-cows-to-celebrate-festival-id3713395.html

    ReplyDelete
  2. ဟိန္ဒူဘာသာက နွားမသတ်တာပါ။ တိရိစ္ဆာန်သတ်ခြင်းကို မတားမြစ်ထားပါဘူး။ အထူးသဖြင့် နီပေါမှာ ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ Gadhimai Festival တိရိစ္ဆာန်သတ်ဖြတ်ပူဇော်ပွဲဆိုရင် တိရိစ္ဆာန်တွေကို သိန်းချီပြီး သတ်တယ်။ အသတ်ခံရမဲ့ တိရိစ္ဆာန်နဲ့ သတ်ဖြတ်ပူဇော်မဲ့ လူတွေက ဒူးဆစ်နစ်အောင် ဗွက်ထနေတဲ့ သွေးအိုင်တွေထဲမှာ လုံးထွေးနေကြတာပါ။ (ဟိန္ဒူအများဆုံးနေတဲ့ နီပေါနိုင်ငံကို အမဲသားစမူစာ ပို့တာကတော့ အင်မတန်ဆိုးဝါးတဲ့ မှားယွင်းမှုဖြစ်ပါတယ်။ မဖြစ်သင့်ဘူး။)

    ReplyDelete