Pages

Friday, May 15, 2015

သယံဇာတထုတ်ယူနေတာ ဘယ်သူတွေ အတွက်လဲ





မြန်မာပြည်မှာ သဘာဝသယံဇာတတွေ ထုတ်ယူနေတာ ဘယ်သူတွေ အတွက်လဲ။
နိုင်ငံအတွက်လား၊ အများပြည်သူအတွက်လား၊ လူတချို့အတွက်လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေချိန်မှာ မြန်မာကာတွန်းဆရာတွေကလည်း ကာတွန်းတွေဆွဲ မေးခွန်း ထုတ်ထားတာကို ဒီကနေ့ သောကြာနေ့က စတင်ပြီး ရန်ကုန်မှာ ပြသပါမယ်။

For Who? လို့ အမည်ပေးထားတဲ့ ၃ ရက်ကြာမယ့် ဒီကာတွန်းပြပွဲကို ကျောက်တံတားမြို့နယ်၊ ၃၅ လမ်း အလယ်ဘလောက်၊ အမှတ် ၁၃၄ မှာ ရှိတဲ့ River Ayeyarwaddy ပြခန်းမှာ ပြုလုပ်မှာပါ။

ဒီပြပွဲမှာ ထိပ်တန်း ကာတွန်းဆရာ လူကြီး လူငယ် အယောက် ၂၀ ရဲ့ လက်ရာများ ပါဝင်မယ်လို့ ကာတွန်းဆရာ လိုင်လုဏ်က ပြောပါတယ်။

ရွှေမင်းသား၊ မောင်မောင်အောင်
အော်ပီကျယ်၊ ၀င်းအောင်

ဇော်မောင်၊ ဘဌေးကြည်
စောမင်းဝေ၊ ဧကစာချို


အောင်ဌေးမင်း၊ မိုးထက်မိုး
ဖေသစ်တည်၊ ကျော်သူရိန်

အာကာ၊ နိုင်လင်း
တော်တီဆွေ၊ ATH

မောင်မောင်ဖောင်တိန်၊ ဘီရုမာ
ဆလိုင်းစွမ်ပိ၊ လိုင်လုဏ်



ဆရာ အော်ပီကျယ်က ပြပွဲတင် ကာတွန်း ၃ ကွက်ထဲက ၁ ကွက်ကို သူ့ရဲ့ facebook fan page မှာ ဖော်ပြထားပါတယ်။ 

ဒီနိုင်ငံမှာ ရင်းနီးမြှုပ်​နှံမယ့် ပြည်ပ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ ဒီနိုင်​ငံရဲ့ လက်​ရှိ သဘာဝသယံဇာတအ​ခြေအ​နေ သိသွားစေဖို့ ဒီပြပွဲ ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကာတွန်းဆရာ လိုင်လုဏ်က ပြောပါတယ်။

ကာတွန်းဆရာတို့ရဲ့ သဘာဝသယံဇာတ​ပေါ်ထားရှိမှု အနုပညာကာတွန်းပြပွဲ​လေးကို ကာတွန်းပရိသတ်များသာမက သဘာဝပတ်ဝန်းကျင်ချစ်သူများ စိတ်ဝင်စားကြပါလိမ့်မယ်။

ပြခန်း တည်နေရာက အချက်အချာကျတဲ့အတွက် လမ်းကြုံလို့ ၀င်ကြည့်လိုသူတို့အတွက် အဆင်ပြေသလို အဝေးကနေလာမယ့်သူတို့အတွက် အဆင်ပြေဖွယ် ရှိပါတယ်။


စည်သူလင်း

No comments:

Post a Comment