Pages

Wednesday, May 20, 2015

အလန်းစားဓာတ်ပုံလေးတွေရချင်ရင် ဒါလေး သတိပြုပါ


The  Rule of Thirds ဆိုတဲ့  photo composition အခြေခံ rule လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ ဒီအခြေခံမူလေးကို သုံးခြင်းအားဖြင့် ဆွဲဆောင်မှုကောင်းပြီး   position အားကောင်းတဲ့ ရိုက်ချက်လေးတွေရဖို့ပါ။ ဒီ rule လေးကို အသုံးချခြင်းအားဖြင့်   အချိန်ကုန်သက်သာပြီးဆွဲဆောင်မှုရှိတဲ့ view လေးတွေ ရတာပေါ့နော်။



အထက်မှာဖော်ပြထားတဲ့နမူနာပုံလေးကိုကြည့်ခြင်းအားဖြင့်အလွယ်တကူသဘောပေါက်မယ်ထင်ပါတယ်။
ကိုယ့်ရဲ့ camera  ချိန်တဲ့ view သို့မဟုတ်  photo မှာ အလျားလိုက်ရော ဒေါင်လိုက်ပါ အညီအမျှ သုံးပိုင်းပိုင်းခြင်းအားဖြင့် မျဉ်းကြောင်း ၄ ကြောင်းနဲ့ ဆုံမှတ် ၄ ခု ရရှိနိုင်ပါတယ်။ ကိုယ် အဓိကရိုက်ကူးချင်တဲ့ subject ကို မျဉ်းကြောင်းဆုံမှတ် (Intersection points) တွေမှာထားပြီး၊ သို့မဟုတ် အဲဒီ Intersection line လေးတွေတလျောက်ထားပြီး ဖမ်းယူ နိုင်ပါတယ်။ ပုံကိုပိုပြီးတော့ dynamic, balance, organized  ဖြစ်စေပါတယ်။ အဓိကအနေနဲ့ကတော့ ပိုပြီး အသက်ဝင် လှုပ်ခတ်စေတဲ့ သဘောပေါ့။

အထက်ကပုံ - (၂) မှာ ဆိုရင် focal point ထားချင်တဲ့ပန်းချီကားလေးကို intersection point နဲ့ line တလျှောက်ပါ ယူထားတာတွေ့နိုင်ပါတယ်။



ပုံ -(၃) မှာဆိုရင် ပျားလေးရဲ့မျက်လုံးကို intersection point ထားပြီးဖမ်းထားခြင်းအားဖြင့်ပိုပြီးသဘာဝကိုပေါ်လွင်စေတာတွေ့ရမှာပါ။

ပုံ - (၄)မှာတော့ အမျိုးသမီးကို intersection line တလျှောက်ထားပြီး ပုံရဲ့အနံအတိုင်း အလယ်နီးပါးယူပြီး ရိုက်ထားတာ တွေ့ရမှာပါ။ ဒီလောက်ဆိုရင် စာဖတ်သူအနေနဲ့ စမ်းသပ်ပြီး အတွေ့အကြုံယူမယ်ဆိုရင် ဒီထက်ပိုပြီး အမျာကြီး အသုံးချနိုင်မှာပါ။



 ဒီပုံ - (၅)မှာ ဆိုရင်မိုးကုတ်စက်ဝိုင်း horizontal မျဉ်းကို horizontal intersection line တလျှောက် ချထားတာ သတိထားမိမယ်ထင်ပါတယ်။ မမြင်ဘူးဆိုရင် Intersection line ကို ကိုယ်တိုင်ဆွဲပြီး စမ်းသပ်ကြည့်ပါ။ အခုပြထားတဲ့ ပုံ - (၆) ကိုလည်း ကြည့်ပါဦး။ ကြည့်ပြီး ပြုံးမိပါလိမ့်မယ်။ တော်တော့်ကို Relax ဖြစ်နေတဲ့ အကောင်ပေါ့။

တခုတော့ပြောချင်ပါတယ်။ ပုံတိုင်းကိုပဲ ဒီ နည်းလမ်းသုံးမျိုးကို သုံးမှ ကောင်းမယ်လို့တော့မဆိုလိုပါ။ အခြေခံအနေနဲ့ စပြီး ချဉ်းကပ်ဖို့အတွက် အထောက်ကူပြုတာလို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့ subject ကို ပုံရဲ့ centre မှာထားပြီး ယူတာမျိုးလည်း ရှိပါတယ်။ အများအားဖြင့်  object တခုကိုပဲ အဓိကထား ပေါ်လွင်စေချင်တဲ့နေရာမှာ အများကြီး အသုံးဝင်ပါတယ်။ static လို့ ပြောရင်လည်း ရပါတယ်။   


ဧရာဝတီ

No comments:

Post a Comment