Pages

Tuesday, May 26, 2015

လူတွေရဲ့ DNA ကိုအသုံးပြုပြီး အမှိုက်ပစ်ခြင်းကို ဆန့်ကျင်ထားတဲ့ ဟောင်ကောင်က လှုံဆော်မှုတခု


photo - en.wikipedia.com

ဟောင်ကောင်နိုင်ငံဟာ တစ်နှစ်ကို အမှိုက်တန်ချိန်ပေါင်း ၆.၅ သန်းကျော် စွန့်ပစ်လျက်ရှိပါတယ်။ ဟောင်ကောင်ရှိ သဘာဝပတ်ဝန်းကျင်အတွက် လှုပ်ရှားနေသော အဖွဲ့တစ်ဖွဲ့မှ မြို့ပြအတွင်း အမှိုက်ပစ်ခြင်း ပြဿနာကို ရပ်တန့်ရန် အမှိုက်ပစ်သူများကို  လူထုအကြား အရှက်ရစေမယ့် အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ South China Post သတင်းမီဒီယာရဲ့ သတင်းပေးပို့ချက်အရ ဟောင်ကောင်မြို့ သန့်ရှင်းရေး ရှေ့ဆောင်အဖွဲ့မှ စီးကရက်၊ ပီကေ၊ ကွန်ဒုံး အစရှိတဲ့ အမှိုက်များပေါ်မှ ရရှိလာတဲ့ DNA များကို ကောက်ယူပြီး ၄င်းအမှိုက်များကို စွန့်ပစ်ခဲ့တဲ့ သူများရဲ့မျက်နှာပုံများကို ပြန်လည်ဖော်ဆောင်ကာ ၄င်းတို့ရဲ့ အမှိုက်ပစ်ခြင်း အပေါ် တုန့်ပြန်မှုကို ပေးလိုက်ကြောင်း ဖော်ပြထားပါတယ်။

ဤ “အမှိုက်ပစ်သူတို့၏ မျက်နှာများ” လို့ အမည်ပေးထားတဲ့ လှုံ့ဆော်မှုအား ဧပြီလတွင် ကျရောက်ခဲ့သော ကမ္ဘာမြေကြီးနေ့တွင် အစပြုခဲ့ခြင်းဖြစ်ပြီး အမှိုက်ပစ်သူ စုစုပေါင်း (၂၇)ဦးရဲ့ မျက်နှာများအား မြို့တော်ရဲ့ ဆိုင်းဘုတ်ကြီးများပေါ်မှာ ဖော်ပြခြင်းအားဖြင့် လှုံ့ဆော်မှုကို စတင်ခဲ့ပါတာပါ။ အဖွဲ့ဝင်များမှာ ရက်သတ္တပတ် ၆ ပတ်အတွင်း အမှိုက်တန်ချိန်ပေါင်း (၄၀၀၀)ကျော်ကို မြို့ပြလမ်းမများပေါ်က ကောက်ယူရရှိခဲ့ပါတယ်။ အိုဂျီးဗီနှင့် မက်သာ ဆိုတဲ့ ကြော်ငြာကုမ္ပဏီတစ်ခုမှလည်း အမှိုက်ပစ်သူများအား အရှက်ရစေရန်အတွက် ကောက်ယူရရှိထားတဲ့ အမှိုက်ပေါ်ရှိ DNA များကို ဓါတ်ခွဲခန်းမှာ ခွဲခြမ်းစိတ်ဖြာဖို့ အကြံပြုခဲ့ပါတယ်။ လူတစ်ဦးရဲ့ မျိုးရိုးဗီဇ နမူနာဟာ အဲဒီလူရဲ့ မျက်လုံး၊ ဆံပင်၊ အသားအရောင်နဲ့ လူမျိုးစုကိုပါ ဖော်ပြနိုင်လောက်အောင် တိကျတဲ့ သတင်းအချက်အလက်ကို ပေးနိုင်တယ်လို့ အဲ့ဒီကုမ္ပဏီက ဆိုပါတယ်။

ဟောင်ကောင် သန့်ရှင်းရေး ရှေ့ဆောင်အဖွဲ့ရဲ့အဆိုအရ ဟောင်ကောင်နိုင်ငံဟာ တစ်နှစ်ကို အမှိုက်တန်ချိန်ပေါင်း ၆.၅ သန်းကျော် စွန့်ပစ်လျက်ရှိပြီး အဲ့ဒီ အမှိုက်တွေဟာ လမ်းမများနဲ့ ကမ်းရိုးတမ်းများ၌ စုပုံလျက်ရှိပါတယ်။


ခင်အေးမြလွင် 


ကိုးကားသတင်း။  ။ http://time.com/3890499/hong-kong-littering-campaign/

No comments:

Post a Comment