Pages

Friday, May 22, 2015

Phablet သို့မဟုတ် Tablet ဝယ်မယ်ဆိုရင်



photo - apptradecentre.com



Phablet လို့ ခေါ်တဲ့ မျက်နှာပြင် အရွယ်အစားကြီး စမတ်ဖုန်းနဲ့ Tablet တွေက အင်တာနက် အသုံးပြုတဲ့ လူငယ်တွေကြားမှာ အထူးရေပန်းစား အသုံးများပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ Tablet တွေက ဈေးနှုန်းကလည်းမြင့်တာကြောင့် မဝယ်ခင်မှာ ကိုယ်နဲ့တကယ် အသုံးတည့်ရဲ့လား၊ အသုံးဝင်အောင် အသုံးပြု နိုင်မလားဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။ ဒီအချက်လေးတွေက ကိုယ့်အတွက် Tablet ဝယ်ယူအသုံးပြုဖို့ သင့်လား၊ သာမန် စမတ်ဖုန်းပဲ ဝယ်ဖို့သင့်လား ဆုံးဖြတ်ပေးပါလိမ့်မယ်။


Device Usage

Tablet ဝယ်ဖို့ အကောင်းဆုံး ဆုံးဖြတ်ချက်တခု ချဖို့အတွက် အရေးကြီးတာတခုက ကိုယ်ဘာအတွက် သုံးမှာလဲဆိုတာပါပဲ။ အကယ်လို့ အသုံးပြုမယ့် သူကစာပို့တာ၊ ဖုန်းခေါ်တာလောက်ပဲ အသုံးပြုမှာဆိုရင် ဒီလိုမျက်နှာပြင် အရွယ်အစားကြီးတဲ့ စမတ်ဖုန်း၊ Tablet ဝယ်ယူဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် အသုံးပြုမယ့် သင်က အိမ်မှာစာဖတ်မယ်၊ အိပ်ရာထဲမှာ ရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ Tablet ကို ဝယ်ယူ အသုံးပြု နိုင်ပါတယ်။ Tablet ထဲမှာလည်း ကိုယ်ဖတ်မယ့် စာအုပ်တွေ များများစားစားထည့်လို့ ဖတ်နိုင်ပါတယ်။

ရုံးသွား၊ ကျောင်းသွားရင်းကားပေါ်၊ ရထားပေါ်မှာ ရုပ်ရှင်တွေ၊ သီချင်းဗီဒီယိုဖိုင်တွေ ကြည့်ချင်တာ၊ Screen Size ကြီးကြီးနဲ့ ဂိမ်းဆော့ရတာ နှစ်သက်တဲ့သူဆိုရင်တော့ သာမန် စမတ်ဖုန်းထက် Tablet ကိုရွေးချယ် ဝယ်ယူဖို့ အကြံပြုချင်ပါတယ်။

Physical Size

Tablet ကို လူတိုင်းက အလုပ်လုပ်ဖို့ သီးသန့် ဝယ်ယူတာ မဟုတ်ပါဘူး။ တချို့သူတွေကတော့ တခါတရံမှာ Tablet အရွယ်အစားကြီးကြီး ကြိုက်တတ်ကြပေမယ့် တချို့က အိတ်ကပ်ထဲထည့် သယ်သွားလို့ရတဲ့ အရွယ် အစား ခပ်သေးသေးကို ပိုနှစ်သက်ကြပါတယ်။ ဒါပေမယ့် အိပ်ကပ်ထဲထည့်ပြီး သယ်ယူသွားလို့ရတဲ့Tablet အရွယ်အစားက ရှားတာကြောင့် Tablet အတွက် အထူးသီးသန့် ထုတ်ထားတဲ့ အိတ်၊ အဖုံးကာဗာတွေနဲ့သာ စာအုပ်တအုပ်လို သယ်ယူသွားနိုင်ပါတယ်။

အရွယ်အစား ခပ်သေးသေးပဲ ကိုင်ချင်တယ်ဆိုရင် ငါးလက်မကျော် မျက်နှာပြင် အရွယ်အစားရှိတဲ့ Phablet စမတ်ဖုန်းတွေရှိပါတယ်။ ဒီဖုန်းတွေကို အိတ်ကပ်ထဲထည့်လို့ သယ်ယူနိုင်ပါတယ်။ Tablet ကတော့ များသောအားဖြင့် ၆ လက်မ အထက်ကနေ ၁၀ လက်မအထိရှိတာကြောင့် အိတ်ထဲထည့်ပြီး လက်ကကိုင် သွားတာ အကောင်းဆုံးပါပဲ။


သီဟတိုး

No comments:

Post a Comment