Pages

Thursday, June 25, 2015

ဂူဂဲလ်ရဲ့ Android One ပရိုဂရမ် မြန်မာနိုင်ငံမှာ သုံးစွဲနိုင်ပြီ



Google က စမ်းသပ်တီထွင်လိုက်တဲ့ Android One ပရိုဂရမ်ကို မြန်မာနိုင်ငံမှာလည်း အသုံးပြုနိုင်ပြီလို့ ဂူဂယ်က ၂၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ချယ်ရီမိုဘိုင်းနဲ့ ဂူဂယ်တို့ ပူးပေါင်းပြီး Android One သုံးစွဲနိုင်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်လာတာကို အားရမိတယ်လို့ ဆိုပါတယ်။

ချယ်ရီမိုဘိုင်းဝမ်းသုံးစွဲသူတွေဟာ တခြား android one ဖုန်းတွေလိုမျိုးပဲ ဂူဂယ်က နောက်ဆုံးထွက်တဲ့ android ဗားရှင်း (Lollipop 5.1.1) ရဲ့ စွမ်းဆောင်ရည်တွေ အစုံအလင် ပါဝင်ပြီး အရည်အသွေးကောင်းတဲ့ ဟာ့ဒ်ဝဲ အစိတ်အပိုင်းတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဂူဂယ်ရဲ့ အရာဝတ္ထု မြင်ကွင်း ဒီဇိုင်းဆန်းတွေ၊ ၂ ဆ ပိုကောင်းတဲ့ စွမ်းဆောင်ရည်၊ ဖုန်းဘက်ထရီ ပိုမိုချွေတာနိုင်တာ၊ ပိုမိုတိကျတဲ့ အသိပေးချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် Android One ဖုန်းတွေဟာ နောင် Android ဗားရှင်းအသစ်တွေကိုလည်း အလိုလို ရရှိသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စမတ် ဖုန်း သုံးစွဲသူ များပြာလာတယ်လို့လည်း ဂူဂယ်က သတ်မှတ်ထားပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကစပြီး ချယ်ရီမိုဘိုင်းဝမ်းကို မြန်မာနိုင်ငံအနှံ့က ဖုန်းအရောင်းဆိုင်တွေမှာ ကျပ်ငွေ ၁၀၉,၀၀၀ နဲ့ ဝယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။ အိန္ဒိယမှာ ပထမဆုံး စတင်ဖြန့်ချိခဲ့ပြီး ကိုးလ     အကြာမှာ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ တူရကီ နိုင်ငံတွေမှာ ဖြန့်ချီခဲ့ပြီး အခုတော့ မြန်မာနိုင်ငံမှာ ချယ်ရီမိုဘိုင်းနဲ့ ပူးပေါင်းကာ စတင်ဖြန့်ချိလာတာ ဖြစ်ပါတယ်။



Ref: Google Asia Pacific Blog

No comments:

Post a Comment