Pages

Friday, June 19, 2015

အဆိုတော်ထွက်တဲ့မြို့က ရော့ခ်အဆိုတော် နှစ်ဦးရဲ့ "ရှေ့သို့"




အဆိုတော်တွေထွက်တဲ့မြို့၊ အဆိုတော်ထုတ်တဲ့ စက်ရုံရှိတဲ့မြို့ဆိုပြီး ပြောလို့ရလောက်အောင် အဆိုတော် တော်တော်များများရဲ့ မြစ်ဖျားခံရာ တောင်ကြီးမြို့က ရော့ခ်လူငယ်နှစ်ဦး ဂီတလမ်းကြောင်းတခုပေါ်ကို ရောက်ရှိလာတော့မယ်လို့ ဆိုရမှာပါ။

သူတို့ကတော့ ရော့ခ်ဂီတသမားတွေဖြစ်တဲ့ သူရိန်နဲ့ နောင်လတ် ဆိုတဲ့ မျက်နှာသစ် အဆိုရှင်တွေပါ။ သူတို့နှစ်ဦးရဲ့ “ရှေ့သို့” ဆိုတဲ့ တေးစီးရီးဟာ လာမယ့် ဇွန်လ၂၃ ရက်နေ့မှာ ထွက်ရှိလာပါတော့မယ်။

Rock တေးသီချင်းတွေခပ်များများနဲ့ Slow Rock တို့နဲ့ Pop တေးသီချင်း အနည်းငယ် ပါဝင်မယ့် ဒီတေးစီးရီးမှာ တေးရေးတွေအနေနဲ့ သျှန်ဒီ ၊ နောင်လတ် ၊ လင်းသစ်အိမ် ၊ မောင်းမောင်း ဆိုတဲ့ တေးရေးအသစ်တွေနဲ့အတူ ROS Band  က တီးခတ်ပေးထားတာပါ။ တေးသီချင်း အားလုံးပေါင်း ၁၆ ပုဒ် ပါဝင်မယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ တောင်ကြီးက လူငယ်ခပ်များများက ဂီတနဲ့ပတ်သက်ရင် ဒီဘက်မှာရှိနေကြတယ်။ အဲ့ဒါကြောင့် ဆုံဖြစ်တာပါ။ ကျနော်လည်း တကိုယ်တော်လုပ်ဖို့ အစီအစဉ်ရှိတယ်ဗျ။ သူလည်း တကိုယ်တော် လုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတော့ မထူးပါဘူး သူငယ်ချင်းလို့ ငါတို့ နှစ်ယောက်ပေါင်းပြီး အတွဲခွေလေးတခွေ လုပ် လိုက်ရအောင်ဆိုပြီး လုပ်ဖြစ်သွားတာပါ။ နောက်ပြီး ဒီတောင်ကြီးဘက်ရဲ့ ပိုးလို့ ပြောရမလားပဲ။ ပိုးဆိုးတာကလည်း နဂိုကတည်းက စိတ်ထဲမှာ လုပ်ချင်တဲ့စိတ်က တောင်ကြီးဘက်က လူငယ်တော်တော် များများ ဂီတဘက်မှာ များနေတယ်လို့ ထင်ပါတယ်။” လို့ တေးဆို နောင်လတ်က ဧရာဝတီကိုပြောပါတယ်။

“ရှေ့သို့” ဆိုတဲ့ ဒီတေးစီးရီးကို Bo Bo Music Production ကနေ တစ်နိုင်ငံလုံးဖြန့်ချိသွားမှာဖြစ်ပြီး
Myanmar Muisc Store မှ Online ကနေလည်း ၀ယ်ယူနိုင်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့က စပြီးတော့လည်း   http://www.myanmarmusicstore.com/AlbumDetail.aspx?albumid=B0000710  ကနေ Pre Order မှာယူနိုင်ကာ ၁ မိနစ်စာ အစမ်းနားထောင်နိုင်ကြောင်းလည်း သိရပါတယ်။

No comments:

Post a Comment