Pages

Friday, June 12, 2015

သရုပ်ဆောင်နေတိုး ညီမဖွင့်တဲ့ ဖက်ရှင်ဆိုင်



သရုပ်ဆောင်များ ဖွင့်လှစ်ပေးခဲ့တဲ့ Sis ဖက်ရှင်ဆိုင် (ဓာတ်ပုံများ - တင်ထက်ပိုင်/ The Irrawaddy)

အခုနောက်ပိုင်းမှာ အနုပညာရှင်များဟာ အနုပညာလုပ်ငန်းအပြင် ကိုယ်ပိုင်  စီးပွားရေးတပိုင်တနိုင်အဖြစ် ဖက်ရှင်ဆိုင်၊ ပိုးထည်ဆိုင်၊ ဇာဆိုင်များကို ဖွင့်လှစ်လာကြတာပါ။

အဆိုတော်သားစိုး၊ မိုးဟေကို ၊ စိုးမြတ်နန္ဒာတို့ဆိုရင် ဇာနဲ့ ပိုးထည် အစများကို ရောင်းချတဲ့ဆိုင်များ ဖွင့်လှစ်ထားကြပြီး အောင်မြင်မှုလည်း ရနေကြပါပြီ။

သရုပ်ဆောင် ကျော်ကျော်ဗိုတို့ စုံတွဲနဲ့အတူ Sis ဖက်ရှင်ဆိုင်ပိုင်ရှင် မဆုမွန်

အခုအခါမှာတော့   သရုပ်ဆောင်နေတိုးရဲ့ညီမအငယ်ဆုံး မဆုမွန်ကလည်း Sis ဆိုတဲ့ ဖက်ရှင်ဆိုင်ဖွင့်ပွဲကို ဇွန် ၁၁ ရက်က ဆိုင်တည်ရှိရာ ရန်ကုန်မြို့ရှိ တော်ဝင်စင်တာ ပထမထပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲကို သရုပ်ဆောင် ကျော်ကျော်ဗို၊ မေကဗျာ၊ ယုသန္တာတင်၊ ဖူးပွင့်သခင်၊ ခင်ဝင့်ဝါ၊ ၀ါဆိုးမိုးဦး အစရှိတဲ့ အနုပညာရောင်းရင်းများ တက်ရောက်ခဲ့ကြပြီး ဖက်ရှင်ဆိုင်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာပါ။



ဖက်ရှင်ဆိုင်မှာ အမျိုးသမီးဝတ် အ၀တ်အထည်များ၊ နာရီ၊ ဦးထုပ် အစရှိတဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများကို တင်သွင်းရောင်းချပေးသွားမှာဖြစ်ပြီး ပစ္စည်းများကိုတော့ ထိုင်ဝမ်၊ ဘန်ကောက်က အဓိက တင်သွင်းထားတာလို့ သိရပါတယ်။

သရုပ်ဆောင် မင်းသွေး

Sis လို့ ဆိုင်နာမည်ပေးဖြစ်တာက အကိုသုံးယောက်ထဲမှာ နေတိုး၊ မင်းသွေးတို့ရဲ့ ညီမအငယ်ဆုံးဖြစ်တဲ့အတွက် အတိုကောက် Sis လို့ ပေးဖြစ်တာဖြစ်ပြီး ဆိုင်နဲ့ပတ်သတ်လို့ မဆုမွန်က “ဒီဆိုင်လေးက ညီမရဲ့     ပထမဆုံးတဦးတည်းဖွင့်ဖြစ်တဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးပါ။ ဖွင့်ဖြစ်တာက ကိုယ်ကလည်း ဖက်ရှင်ကိုစိတ်ဝင်စားတယ်။ ကောင်မလေးတွေအကုန်လုံးက ဖက်ရှင်ဘက်ကို စိတ်ဝင်စားလာကြတယ်။ ကိုယ်က    လည်းသူတို့ကို လှလှလေး ၀တ်စေချင်တယ်။ ဒါကြောင့် ဒီဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တာပါ” လို့     ဧရာဝတီကိုပြောပြခဲ့ပါ တယ်။



ယုမွန်ကျော်
 

No comments:

Post a Comment