Pages

Tuesday, June 9, 2015

ကျူးလစ်ပန်းတွေကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ပန်းချီဆွဲကြမယ်

နွေဦးကာလတွေမှာ ရောင်စုံဖူးပွင့်တတ်တဲ့ ကျူးလစ်ပန်းကလေးတွေကို အားလုံးသိကြမှာပါ။ အသွေးအ     ရောင် စိုစိုပြည်ပြည် နဲ့ လှပလှတဲ့ ဒီ ပန်းလေးတွေကို ချစ်မြတ်နိုးသူတွေအနေနဲ့  ဒီပန်းလေးကို ပန်းချီအနုပညာတခုအနေနဲ့ ဘယ်လို ရေးဆွဲရင် ရတယ် ဆိုတာ ပြောပြပေးချင်ပါတယ်။ ကျယ်ပြန့်တဲ့ ကွင်းပြင်ထဲမှာ ဥကနေ ပေါက်တဲ့ ဒီပန်းကလေးတွေကို စုတ်တံ မသုံးဘဲလည်း ဆွဲလို့ရတယ်ဆိုတဲ့ အကြောင်းပဲပေါ့။ Kid Play Box ၀က်ဘ်ဆိုက်မှာ Turkey Mom တင်ပြထားတဲ့ ရေးဆွဲနည်းသစ် အကြောင်းကို ထပ်ဆင့်ဝေမျှပေးချင်တာပါ။

ကဲ အောက်မှာ ပါတဲ့ ပုံကလေးကို ကြည့်ပါ။ ဘယ်လို ရေးဆွဲနေတယ်၊ စမ်းသပ်နေတယ် ဆိုတာ တွေ့ရမှာပါ။

photo - kidsplaybox.com

အဲဒီလို ရေးဆွဲဖို့ အတွက် ပထမဆုံး ပြင်ဆင်ရမှာက ၁။ ခက်ရင်း တချောင်း (3 Pronged Fork) ၊ ၂။ ရေဆေးလို့ ပြောင်နိုင်တဲ့ အောက်ခံဖော့ချပ် တခု (Crayola Washable Kids Paint) ၊ ၃။ စုတ်တံ တစုံ ( Crayola Art and Craft Brush Set )၊ ၄။ ရေးဆွဲမယ့် အခရိုင်းလစ်ဆေး ရောင်စုံနဲ့ ၅။ ရေးဆွဲမယ့် စာရွက် သို့မဟုတ် ကင်းဗတ်စ် ကို အသင့်ပြင်ထားရမှာပါ။ အောက်က ပုံကလေးတွေကို ကြည့်ပါ။




အဲဒီလို ပြင်ပြီးတဲ့ အခါမှာ ခက်ရင်းကို ဆေးထဲမှာ ထိုးနှစ်ပြီး ပါလာတဲ့ ဆေးနဲ့ အောက်မှာ ပြထားတဲ့ အ   တိုင်း ဖိနှိပ်ရေးဆွဲပါ။


ဒါတွေက စမ်းသပ်ဖိနှိပ်ရေးဆွဲတာကို ပြထားတာပါ။ ဆေး ဘယ်လောက်များရင် ပုံထင်ကျန်ရစ်တာက ဘယ်လို ဖြစ်တယ်ဆိုတာ သိမြင်ဖို့ပါ။ အဲဒီမှာ ဘယ်လိုပုံပေါ်ဖို့ ဘယ်လို ဆေးကို နှစ်ယူရတယ် ဆိုတာ သဘော  ပေါက်လာမှာပါ။


အဲဒီလိုနဲ့ ကျူးလစ်ပန်းရောင်စုံကို ခက်ရင်းလေးတွေနဲ့ စမ်းသပ်ဖိနှိပ် ရေးဆွဲလာနိုင်ပြီ ဆိုရင်တော့ အဲဒီ ခက်ရင်းလေးတွေ အောက်ကနေ ကျူးလစ်ပန်းရဲ့ ရိုးတံလေးတွေကို ရေးဆွဲရမှာ ဖြစ်ပါတယ်။ ကျူးလစ်ပန်းရဲ့ အရိုးတံလေးတွေကို ရေးဆွဲရင်တော့ ခက်ရင်းကို မသုံးတော့ဘဲ သင့်တော်တဲ့ စုတ်တံအရွယ်ကို ရွေးချယ်ပြီး ရေးဆွဲရမှာပါ။

ဒီပုံကလေးက အသက် ၄ နှစ်အရွယ် ကလေးငယ်တဦးရေးဆွဲထားတဲ့ပုံပါ။ အဲဒီ ကလေးငယ် စမ်းသပ် ရေးဆွဲထားတဲ့ ပုံကလေးကလည်း တမျိးချစ်စရာ ကောင်းပါတယ်။


အခု ပြောတဲ့ နည်းစနစ်ကို သုံးပြီး ကိုယ်တိုင်လည်း စမ်းသပ် ရေးဆွဲကြည့်နိုင်ပါတယ်။ စိတ်ကူး စိတ်သန်း ရှိရင် ရှိသလို ကျူးလစ်ပန်းပင်လေးတွေရဲ့ အလှ၊ ကျူးလစ် ပန်းပင်လေးတွေရဲ့ သဘာဝကို ရေးဆွဲ တင်ပြနိုင်မှာ ဖြစ်ပါတယ်။


တကယ်တော့ ပန်းချီရေးဆွဲရာမှာ စုတ်တံချည့် မဟုတ်ဘဲ အခြား သင့်တော်ရာ ပစ္စည်းတွေ သုံးပြီး ရေးဆွဲ   ရင်လည်း ဖြစ်ပါတယ်။ ကောင်းမွန်ပြည့်စုံတဲ့ ပန်းချီလက်ရာ အနုပညာ ပစ္စည်းတခု ဖြစ်ဖို့ကတော့ စမ်းသပ်တာတွေ များများလုပ်၊ စိတ်ကူးစိတ်သန်းတွေကို ပုံဖော်ရေးဆွဲ ရမှာဖြစ်တယ်။ ကဲ အထက်က ပုံကလေးကို   ကြည့်ပါဦး။ ပန်းချီအနုပညာကို စိတ်ဝင်စားသူ မည်သူမဆို အဲဒီလို ဘာလို့ မရေးဆွဲနိုင်ရမှာလဲ။


နိုင်စွမ်း


ကိုးကားသတင်း ။  ။http://www.kidsplaybox.com/spring-art-tulip-painting/

No comments:

Post a Comment