Pages

Tuesday, June 2, 2015

နန်းကျဘုရင် သီပေါမင်းအကြောင်းဘာသာပြန်စာအုပ် ထွက်ရှိ



ဓာတ်ပုံ - တင်ထက်ပိုင် / The Irrawaddy

မြန်မာနိုင်ငံမှ နောက်ဆုံးမင်းဆက် သီပေါဘုရင်နဲ့ သူ့ရဲ့ မျိုးဆက်များအကြောင်းရေးသားထားတဲ့ အိန္ဒိယစာရေးဆရာမဆူဒါရှား၏ “King in Exile” စာအုပ်ကို ဝင်းငြိမ်း မြန်မာဘာသာ ပြန်ဆိုထားသော “နန်းကျဘုရင်” စာအုပ်ကို မေလနှောင်းပိုင်းမှာ ဖြန့်ချိလိုက်ပါတယ်။

အဲ့ဒီစာအုပ်မှာ  မင်းတုန်းမင်းလက်ထက်ကစလို့ သီပေါမင်းပါတော်မူပြီးနောက် ၎င်းနှင့် ၎င်းရဲ့ မိသားစုတွေအကြောင်းအသေးစိတ် ရေးသားထားတဲ့အတွက် မြန်မာစာဖတ်ပရိသတ်တွေဖတ်ရှုသင့်တဲ့ အဖိုးတန် မြန်မာ့သမိုင်းစာအုပ်တအုပ်ဖြစ်ကြောင်းအခမ်းအနားကို တက်ရောက်လာတဲ့ သီပေါမင်းရဲ့ မြစ်တော်သူ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

စာအုပ်ရဲ့ ပထမပိုင်းမှာ ပါတော်မူစဉ်က မန္တလေးနန်းတော်ရဲ့ အခြေအနေ၊ ဒုတိယပိုင်းတွင် ပါတော်မူပြီးနောက် အိန္ဒိယမှာ သီပေါမင်းနဲ့တကွ သမီးတော်များ၊ မိသားစုများရဲ့ ဘဝအခြေအနေ၊ တတိယပိုင်းတွင် မိဖုရားစုဖုရားလတ် နဲ့ သမီးတော်များ မြန်မာနိုင်ငံကို ပြန်လာတဲ့ ပြည်တော် ပြန်ခန်း အကြောင်းတို့ ပါဝင်ပါတယ်။


တင်ထက်ပိုင်

1 comment:

  1. sucks copying about our own king from oversea writer.

    ReplyDelete