Pages

Friday, July 24, 2015

မင်းသား တွမ်ခရုစ်က အသက် ၂၂ နှစ်အရွယ် စာရေးမလေးကို ချစ်ရေးဆိုဖို့ အစီအစဉ်ရှိနေသလား



သရုပ်ဆောင် တွမ်ခရုစ်နဲ့ သူရဲ့စာရေးမလေး အမ်မလီ (photo - mirror.co)


အသက် ၅၃ နှစ်အရွယ် ဟောလီးဝုဒ်သရုပ်ဆောင် တွမ်ခရုစ်ဟာ အသက် ၂၂ နှစ်အရွယ် မိန်းကလေးငယ်နဲ့အတူ အချစ်ကို ရှာဖွေတွေ့ရှိသွားပြီလို့ အမေရိကန် သတင်းတွေက ဆိုလိုက်ပါတယ်။

Mission Impossibe ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင် တွမ်ခရုစ်ဟာ အသက် ၃၆ နှစ်အရွယ် ဟောလီးဝုဒ် သရုပ်ဆောင် ကေတီဟုမ်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် သူ့ရဲ့အလုပ်ထဲမှာပဲ နှစ်မြှုပ်နေခဲ့သူပါ။



ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က Mission Impossible: Rogue Nation ဇာတ်ကားကြီး ရိုက်ကူးနေစဉ်မှာ တွေ့ရှိခဲ့တဲ့ ဗြိတိန်နိုင်ငံသူ လက်ထောက်စာရေးမလေး အမ်မလီသောမတ်စ်နဲ့ တွေ့ဆုံပြီးချိန်မှာတော့ အရမ်းကို သဘောကျ နှစ်ခြိုက်ခဲ့တာပါလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်မှာလည်း သူက သူမကို ချစ်ရေးဆိုဖို့ ပြင်ဆင်နေပါပြီတဲ့။

Star magazine ရဲ ဖော်ပြချက်အရ “တွမ်ဟာ အမ်မလီကို အရူးအမူးချစ်နေတာပါ။ သူမလည်း ထိုနည်း   လည်းကောင်းပါပဲ” လို့ ဆိုပါတယ်။


ကိုးကားသတင်း။  ။ http://www.mirror.co.uk/3am/celebrity-news/tom-cruise-planning-propose-22-6120785

No comments:

Post a Comment